1. 1. 1.

Showing posts with label သူငယ်ချင်း ချစ်ခြင်းဖွဲ့ကဗျာများ. Show all posts
Showing posts with label သူငယ်ချင်း ချစ်ခြင်းဖွဲ့ကဗျာများ. Show all posts

Thursday, August 23, 2012

အဖြူရောင် နှောင်ကြိုး

နင့်ကို ငါ ချစ်တယ်
ဒါပေမယ့်.....
နင်က ငါ့ရဲ့ အချစ်ဆုံးလူတစ်ယောက်တော့
မဟုတ်ဘူး။

နင့်ကို ငါ မုန်းတယ်
ဒါပေမယ့်.....
နင်က ငါ့ရဲ့ အမုန်းဆုံးလူတစ်ယောက်လည်း
မဟုတ်ဘူး။

နင့်ကို ငါ သံယောဇဉ်ရှိတယ်
နင်က ငါ့ရဲ့ သံယောဇဉ်အရှိဆုံး
သူစိမ်းတစ်ယောက်ပါ...။

နင့်ကို ငါ ခင်တယ်
နင်က ငါ့ရဲ့ အခင်မင်ဆုံး
သူငယ်ချင်းတစ်ယောက်ပါ...။

ဝန်ခံချက်။     ။ ရူးတူးတူး ပေါတောတောနဲ့ ချစ်စရာကောင်းတဲ့ သူငယ်ချင်းလေး တစ်ယောက်အတွက်...။


Monday, March 26, 2012

သူငယ်ချင်းဆိုတာ...

သူငယ်ချင်းဆိုတာ....
ဟင်းလင်းပြင် နှလုံးသားမှာ
ရင်ခုန်သံထပ်တူကျ
ခံစားချက်မျှဝေသူတွေ......။

သူငယ်ချင်းဆိုတာ....
ဘာသာ ၊လူမျိုး ၊ အတ္တ ၊မာနနှင့်
အစဉ်အလာကို ဆွဲထုတ်
တွဲလက်တွေ ဆုတ်ထားရင်းနဲ့
အဖြူရောင်ကြိုးကျစ်တဲ့သူတွေ......။

သူငယ်ချင်းဆိုတာ....
သဘာဝ စစ်သူကြီးကြောင့်
သက္ကရာဇ်တွေကြွေ ပျိုမျစ်ခြင်းကို အကျဉ်းချ
အင်ပါယာရဲ့ မိဘုရားဘ၀ရလည်း
မမေ့ရစ်သူတွေပါ......။

Tuesday, January 31, 2012

သူငယ်ချင်း သိနိုင်ပါစေ (ခံစားချက် စာမူ)

(၂၂.၁.၂၀၁၂) နေ့မှာ သူငယ်ချင်း အသက် ၃၃ နှစ်  ပြည့်ပြီနော် မွေးနေ့ဆိုတာကို ဘယ်လိုခံစားမိလဲ သူငယ်ချင်း၊ ပြီးတော့ မွေးနေ့မှာ ပျော်စရာ အစီအစဉ်ပေါင်းများစွာတော့  ရှိမှာပေါ့ ...။ဥပမာ နင်က လူလွတ်ဆိုရင် ချစ်သူလေးနဲ့ ပျော်ရင်း တစ်နေ့တာ ကုန်ဆုံးစေမယ်ပေါ့.... ဒါမှမဟုတ် အိမ်ထောင်ရှိတယ်ဆိုရင်တော့ အိမ်သူသက်ထားနဲ့

Tuesday, January 3, 2012

သူငယ်ချင်းလေး (ခံစားချက်စာစု)

ဒီနေ့မနက်အိပ်ရာထတော့....
နင့်လို ချစ်စရာ ခင်စရာကောင်းတဲ့
သူငယ်ချင်းမျိုးနဲ့ ကြုံဆုံခဲ့ရတာ
အရမ်းကံကောင်းတာပဲလို့ တွေးနေမိတယ်။

တစ်ဖက်သားကို တန်ဖိုးထားလေးစား
ထောက်ထားညှာတာ စာနာတက်တဲ့
နင့်လို သူငယ်ချင်းမျိုး တစ်ကယ်ရှားတယ်
နောင်ဘ၀မှာလည်း တွေ့ချင်ဆုံချင်ပါသေးတယ်။

Thursday, December 8, 2011

ကြိုးစားစို့ သူငယ်ချင်း

အထွတ်အထိပ်ပန်းတိုင်ဆီ
ကြီးမြင့်သူပုဂ္ဂိုလ်များ
ရောက်သွားလို့ထိန်းကြပြန်
ခုန်ပျံကျော်ခုချက်ချင်း
ရောက်ကြခြင်း မဟုတ်ပြီကွယ်..။

အချစ်ဆုံးသူငယ်ချင်းတို့
အိပ်စက်နေညဥ့်ခါမီ
သူတို့သည်မနေမနား
အထက်တန်းဆီသို့ ရည်မှန်းကာသိပ်သိပ်သည်း
ဖြည့်ဆည်းကြိုးစား...။

လေအဟုန်ကို နင်ဖြုန်လေသလား
မိုးအပြိုကို နင်စိုးရွံ့သလား
ရဲရင့်စွာရင်ဆိုင်ပြီး
ယှဉ်ပြိုင်ကာအန်တု မမှုပါနဲ့လားကွယ်...။

Wednesday, December 7, 2011

သတိရတယ် သူငယ်ချင်းရယ်

ဘ၀အမောတွေထဲမှာ
စီးမျောနေရတဲ့အခါ
သတိရတယ်သူငယ်ချင်းရယ်...။

မျှော်လင့်သလို ဖြစ်မလာပဲ
မထင်ထားတဲ့ အဆိုးတွေနဲ့
ရင်ဆိုင်ခံစား နေရတဲ့အခါ
တမ်းတမိတယ် သူငယ်ချင်းရယ်...။

လိုချင်တာတွေရပြီး 
လုပ်ချင်တာတွေ လုပ်ခွင့်ရမယ်ဆိုရင်
သိပ်ပျော်ဖို့ကောင်းမှာပဲ
အဲ့ဒီလိုအချိန်မျိုးမှာ

ထီးနဲ့တူသော သူငယ်ချင်း

ငါ့ရင်ထဲ မွန်းကျပ်တဲ့အခါ
ငါပြောသမျှကို စာနာစိတ်နဲ့
ငါ့ဘေးမှာနင်လေနေလို့ နားထောင်ပေးတယ်..။

မဆုံးနိုင်တဲ့ လိုအပ်ချက်တွေ
ဂရုတစိုက်ကွယ် နင်မှတ်သားပြီး
မသိမသာဖြည့်ဆည်းပေးတယ်...။

သွားသင့်တဲ့လမ်းကို သွားတဲ့အခါ
သွားချင်တဲ့လမ်းကို သွားတဲ့အခါ
ငါသွားတဲ့နောက် တကောက်ကောက်လိုက်လို့
အဖေါ်အဖြစ်နင်လေလိုက်လို့
စောင့်ရှောက်ပေးတယ်..။

Monday, December 5, 2011

သူငယ်ချင်းသို့

လွမ်းတယ်ဆိုတာ
သာမန်ထက်ပိုတဲ့ သတိရခြင်းလို့
ပြောကြတယ်...။
ဒါဆိုရင်တော့
သေချာပါတယ် သူငယ်ချင်းရယ်...။
နင့်ကို မတွေ့ရတဲ့အချိန်တိုင်းမှာ
ငါအရမ်းလွမ်းနေတာကို
နင်ယုံပါနော်...။