1. 1. 1.

Tuesday, September 4, 2012

ရင်ထဲက ကဗျာ (၂)

မွန်မြတ်တဲ့ ချစ်ခြင်းတွေနဲ့
သစ္စာမှန်တဲ့ နှလုံးသားလေး
အမြဲပင် အပ်နှင်းလို့
ကမ္ဘာဆယ်သက် တစ်သက်မကွာ
မောင့် အပါးမှာ
ထာဝရနေခွင့်ရချင်သည်....။

အနာဂါတ်လေး လှပစေဖို့
အလင်းရောင်လေးကို
မောင် ဖန်ဆင်းလို့ ပေးခဲ့သည်။

ရင်တွင်းဆီမှ ချစ်ခြင်းတွေသီ
ကာရန်များလည်း လှခဲ့ပါသည်....

လှပတဲ့ အက္ခရာတွေစီ
ကဗျာလေးများလည်း အသက်ဝင်ခဲ့သည်...

သံယောဇဉ် နှောင်ကြိုးများနဲ့
ရင်ခုန်သံ စည်းချက်တွေကို
ခမ်းနားစွာ ညွှန်းဆိုဖွဲ့လို့
မေတ္တာရေစင် ဖျန်းကာပေးတော့
နှလုံးသားထက် အမြစ်တွယ်ခဲ့တာ
မောင် ဆိုတဲ့.....
အချစ်သစ်ပင်လေးရယ်ပါ။

8 comments:

  1. တစ်နေ့တစ်ခြား ကဗျာလေးတွေက ပိုပိုကောင်းလာပါလား
    ^_^
    ကဗျာလေးကိုအားပေးသွားတယ်နော်
    နောက်လည်းသည်ထက်မက ရေးနိုင်ပါစေ ^_^
    ခင်တဲ့(အိမ်မက်ကောင်းကင်)

    ReplyDelete
  2. လေပြေရေ....မောင် ဆိုတဲ့ သစ်ပင်လေးလား...
    လာရောက် အားပေးတွားတယ်နော်။
    အိမ်မက်ကောင်းကင်ပြောသလိုဘဲ တစ်နေ့တစ်ခြား ပိုလှလှလာတယ်..အယ်မွှားလို့.
    ကဗျာလေးက ပိုပို ကောင်းလာတယ်...
    မမြင်တာကြာလို့ လွမ်းတယ်...အာပွား........

    ReplyDelete
  3. ကဗျာလေးကနူးနူးညံ့ညံ့လေးပါလား။

    ReplyDelete
  4. မောင်ဆိုတာလဲ တူတယ်
    အချစ်သစ်ပင်လေးကလဲတူတယ်
    ကဗျာလေးကောင်းတယ်လေပြေရေ

    ReplyDelete
  5. မောင်..တဲ့လား....ခံစားချက်ခြင်းများတူနေသလားကွယ်...
    ကဗျာကောင်းလေးအာပေးသွားတယ်နော်..
    ခင်တဲ့ မိုးနတ်...

    ReplyDelete
  6. စကားလုံး လှလှလေးတွေနဲ့ ဖွဲ့နွဲ့ထားတဲ့ ရင်တွင်းခံစားချက်
    ကဗျာလေး အားပေးသွားတယ် လေပြေချိုရေး)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  7. ဒီမှာတော့ ဘာမောင်မှ ရှိဘူးကွယ်။ အားငယ်လိုက်တား)

    ReplyDelete
  8. သံယောဇဉ် နှောင်ကြိုးများနဲ့
    ရင်ခုန်သံ စည်းချက်တွေကို
    ခမ်းနားစွာ ညွှန်းဆိုဖွဲ့လို့
    မေတ္တာရေစင် ဖျန်းကာပေးတော့
    နှလုံးသားထက် အမြစ်တွယ်ခဲ့တာ
    မောင် ဆိုတဲ့.....
    အချစ်သစ်ပင်လေးရယ်ပါ။....အဲဒါလေးက အသက်ဝင်လွန်းတယ်..အချစ်သစ်ပင်..

    ReplyDelete