1. 1. 1.

Monday, March 26, 2012

သူငယ်ချင်းဆိုတာ...

သူငယ်ချင်းဆိုတာ....
ဟင်းလင်းပြင် နှလုံးသားမှာ
ရင်ခုန်သံထပ်တူကျ
ခံစားချက်မျှဝေသူတွေ......။

သူငယ်ချင်းဆိုတာ....
ဘာသာ ၊လူမျိုး ၊ အတ္တ ၊မာနနှင့်
အစဉ်အလာကို ဆွဲထုတ်
တွဲလက်တွေ ဆုတ်ထားရင်းနဲ့
အဖြူရောင်ကြိုးကျစ်တဲ့သူတွေ......။

သူငယ်ချင်းဆိုတာ....
သဘာဝ စစ်သူကြီးကြောင့်
သက္ကရာဇ်တွေကြွေ ပျိုမျစ်ခြင်းကို အကျဉ်းချ
အင်ပါယာရဲ့ မိဘုရားဘ၀ရလည်း
မမေ့ရစ်သူတွေပါ......။


သူငယ်ချင်းရေ....
တူညီတဲ့ရည်မှန်းချက်အတွက်
ယုံကြည်ချက်တွေနဲ့ လွယ်ကူစွာကွဲပြားရင်း
ကံကြမ္မာကို ကြိုက်သလိုချယ်လှယ်
ဆုံချက်မှာစုဖို့
တိမ်တောက်တဲ့ ဆည်းဆာကိုရွေး
ဖုန်တက်နေတဲ့ အိမ်မက်ကို
ပြန်ဆေးရင်း " သူငယ်ချင်း " ဆိုတဲ့
အဘိဓာန်ကို နှလုံးသားနှင့်
ဖွဲ့ဆို့ကွယ်......။
(ဒီကဗျာလေးက ဆွေဇင်ရဲ့ ကဗျာလေးပါ )

No comments:

Post a Comment