1. 1. 1.

Monday, August 27, 2012

ရင်ထဲက ကဗျာ (၁)

နွေးထွေးတဲ့ ရင်ခွင်ထက်
ဆောင်းအအေးဒဏ်လည်း ပြင်းထန်ပါစေ....

စိမ်းလန်းတဲ့ သစ်ရိပ်အောက်
နေမင်းလည်း ပူပြင်းပါစေ....

ရေမှုန်လေးတွေ လေမှာဝဲ
သည်မိုးလည်း သည်းစမ်းပါစေ.....

ကျမဘ၀ရဲ့ စွမ်းအားရှင်
မောင် နဲ့သာဆိုရင်.....




ဖန်လာမယ့် ကံကြမ္မာကို
ပြန်လှန်ကာ ကျေးဇူးတင်လို့
ချစ်မေတ္တာ ခွန်အားတွေနဲ့
ကောင်းအတူ ဆိုးအမျှ
အတူတကွ မျှဝေလို့
ခံစားလိုက်ချင်....။

အဆုံးမရှိတဲ့ ကောင်းကင်ယံထက်
ရွှေရောင်ခြည်မျှင် ကခုန်လို့
ငွေကြယ်စင် အားလုံးက
ပြုံးပြုံးကလေး နေပေးပါလျှင်
လေအဟုန် မဖြုံသလို 
မိုးပြိုမှာလည် မစိုးရိမ်ပဲ
ပျော်စရာ ဆိုတေးတွေကို
ငှက်ကလေးတွေလို ဆိုလိုက်ချင်.....။

14 comments:

  1. ကဗျာဆရာမလေးရဲ့ မောင်ဘွဲ့လေးပေါ့
    ကဗျာလေးက တော်တော်နူးညံ့တာပဲနော် :)

    ReplyDelete

  2. ကျမဘ၀ရဲ့ စွမ်းအားရှင်
    မောင် နဲ့သာဆိုရင်.....တဲ့
    ကဗျာလေးကောင်းပါ့

    ReplyDelete
  3. ခံစားလို့ ကောင်းတဲ့ ကဗျာကောင်းလေးတစ်ပုဒ်ကို အားပေးသွားပါတယ်

    ReplyDelete
  4. ကဗျာထဲကနေ အချစ်တွေကိုမြင်နေရတယ်
    ချစ်တဲ့ jasmine

    ReplyDelete
  5. ကဗျာကိုချစ်တဲ့ကဗျာချစ်သူပါ

    ဗလာရင်ခွင့်

    ReplyDelete
  6. ကြိုက်တရ် အားပေးတရ်နော်.....

    ReplyDelete
  7. ကြိုက်တရ် အားပေးတရ်နော်.....

    ReplyDelete
  8. ငါသာ မင်းချစ်သူဖြစ်ရင် သိပ်ကောင်းမှာပဲ

    ReplyDelete
  9. မင်းရဲ့ချစ်သူဖြစ်ရရင်ကောင်းမှာပဲနော်

    ReplyDelete
  10. Invite to you in Facebook.....
    https://www.facebook.com/groups/417971468215016/
    https://www.facebook.com/groups/499913906701270/

    ReplyDelete
  11. This comment has been removed by a blog administrator.

    ReplyDelete
  12. ချစ်မေတ္တာ ခွန်အားတွေနဲ့
    ကောင်းအတူ ဆိုးအမျှအတူတကွ
    မျှဝေလို
    ဒီစာသားလေအရမ်းကောင်းတယ်
    အားပေလျှက်ပါ

    ReplyDelete