1. 1. 1.

Wednesday, December 7, 2011

သတိရတယ် သူငယ်ချင်းရယ်

ဘ၀အမောတွေထဲမှာ
စီးမျောနေရတဲ့အခါ
သတိရတယ်သူငယ်ချင်းရယ်...။

မျှော်လင့်သလို ဖြစ်မလာပဲ
မထင်ထားတဲ့ အဆိုးတွေနဲ့
ရင်ဆိုင်ခံစား နေရတဲ့အခါ
တမ်းတမိတယ် သူငယ်ချင်းရယ်...။

လိုချင်တာတွေရပြီး 
လုပ်ချင်တာတွေ လုပ်ခွင့်ရမယ်ဆိုရင်
သိပ်ပျော်ဖို့ကောင်းမှာပဲ
အဲ့ဒီလိုအချိန်မျိုးမှာ


ငါ့အနားမှာ နင်ရှိနေရင်
သိပ်ကောင်းမှာပဲ တွေးမိတယ်....။

ဘယ်ဆီကိုရောက်ရောက်
ဘယ်လောက်ပဲ ဝေးဝေး
သွေးမအေးတဲ့ ဖြူစင်မေတ္တာနဲ့
နွေးထွေးစွာ ချစ်ခင်နေဆဲဆိုတာ
သူငယ်ချင်း သိစေချင်တယ်...။

No comments:

Post a Comment