1. 1. 1.

Friday, July 26, 2013

ကျမနှင့် ချစ်စရာကောင်းတဲ့သူမတို့မိသားစုအကြောင်း


မထင်မှတ်ထားတဲ့တစ်နေ့မှာပေါ့ သူမနဲ့ကျမ ရေစက်စုံဖို့ အကြောင်းဖန်လာတယ်… သူမကိုကျမတစ်ခါမှ 
မမြင်ဖူးခဲ့ပါဘူး ဒါပေမယ့် သူမကိုအရမ်းရင်းနှီးနေသလိုမျိုး ကျမစိတ်က ခံစားမိတယ်… သူမကလည်း 
အားငယ်ပြီး 
ဖျော့တော့နေတဲ့မျက်ဝန်းအစုံနဲ့ အဝေးကနေ ခပ်ငိုင်ငိုင်လေး ငေးကြည့်နေလေရဲ့… အားငယ်နေတဲ့ 
သူမရဲ့မျက်ဝန်းလေးတွေက တစ်ခုခုကိုများ ပြောပြချင်နေတာလား… ဒါမှမဟုတ် 
သူမတစ်ယောက်ယောက်ကိုများ 
လွမ်းဆွေးနေတာလား… မဆီမဆိုင် ကျမ သူမရဲ့စိတ်ကို ဘာ့ကြောင့်များ ဘာသာပြန်နေမိပါလိမ့်… 
သေချာတာကတော့ ကျမ သူမရဲ့မျက်ဝန်းစကားတွေကို ဘယ်လိုမှ ဥပေက္ခာမပြုရက်နိုင်ခဲ့တာပါပဲ… 
သူမကို 
စတွေ့တွေ့ချင်းတခဏလေးမှာပဲ သနားသွားမိတဲ့ ကျမရဲ့စိတ်က သူမနဲ့အတူတူနေဖြစ်ဖို့ 
 ဆုံဖြတ်လိုက်မိပါတော့တယ်…။


အချိန်တိုလေးအတွင်းမှာပဲ ကျမနဲ့သူမကအရမ်းကိုခင်မင်ပြီး သံယောဇဉ်တွယ်ခဲ့ကြတယ်… ကျမလည်း 
သူမနဲ့ဝေးပြီးမနေနိုင်သလို သူမကလည်း ကျမမရှိရင် ကျမကိုသတိရတဲ့စိတ်နဲ့ နေမကောင်းဖြစ်တဲ့အထိ 
ကျမတို့ 
ရင်းနှီးခဲ့ကြတယ်… သူမက အနေအေးပြီး အရမ်းလိမ္မာပါးနပ်လွန်းတယ် 
ကျမပြောတဲ့စကားသံအနိမ့်အမြင့်ကို 
သူမကောင်းကောင်းသိတယ် နားလည်တယ်… တစ်ခါတစ်လေပေါ့ သောကတွေကြောင့် 
စိတ်ညစ်နေတာမျိုး၊ 
စိတ်ဆိုးပြီးဒေါသထွက်နေတဲ့အခါမျိုးတို့ဆို သူမက ကျမရဲ့အမူအယာကို အကဲခတ်တက်သလို 
စကားသံကိုလည်း 
ခွဲခြားတက်တယ်လေ… အဲ့လိုမျိုးလေး အသိဥာဏ်မြင့်မားတဲ့သူမလေးကို ကျမသံယောဇဉ်ဖြစ်မိတာလည်း 
ဆန်းမယ်မထင်ပါဘူးနော်…။


အလုပ်ကိစ္စကြောင့် ကျမအပြင်ခဏသွားတဲ့အခါမျိုး၊ ဈေးဝယ်ထွက်တဲ့အခါမျိုးတွေမှာဆို 
သူမကအိမ်တံခါးဝထိ 
လိုက်ပို့တယ်… ပြီးတော့ အကြားကြီးသွားမှာလား၊ သူမကိုအကြာကြီးထားခဲ့အုံးမှာလား၊ 
မြန်မြန်ပြန်လာခဲ့ပါနော် ဆိုတဲ့ 
သူမမျက်ဝန်းက မေးခွန်းစကားလေးတွေကို နားလည်သလိုလို သနားစွာနဲ့ ကျမ ဖတ်တက်နေပြန်တယ်… 
အင်း…..သူမလေ ကျမနဲ့မတွေ့ခင်က တစ်ခုခုများ ပြင်းပြင်းထန်ထန် ခံစားခဲ့ရဖူးမယ်လို့ ကျမထင်တယ်… 
ကျမအပြင်ကပြန်ရောက်လာတိုင်းလည်း သူမခမျာ ၀မ်းသာလွန်းစွာဆီးကြိုပြီး မျှော်လင့်ချက်ပြည့်ဝလို့ 
ပျော်ရွှင်နေတဲ့အမူအယာတွေက ကျမနဲ့သူမကြားက သံယောဇဉ်နှောင်ဖွဲ့မှုတစ်ခုအဖြစ် ပိုမို 
ခိုင်မာလာစေခဲ့တယ်…

ပထမဦးဆုံး ကျမသူမနဲ့ အကြာကြီး ခွဲခွာခဲ့ရတဲ့အချိန်ကာလလေးကို မှတ်မိနေသေးတယ်… အလုပ်ကိစ္စနဲ့ 
နယ်ဘက်ကို ရက်ရှည်ခရီးထွက်ရမယ့်နေ့ပေါ့  သူမကို ကျမမိဘတွေဆီသွားအပို့မှာ သူမလေ 
ခလေးလေးလိုပဲ 
ကျမအနားက မခွာတော့ဘူး ဘယ်သူမှလည်းခေါ်လို့မရဘူး ကျမခရီးသွားမှာသူသိနေတာကိုး… 
ပြီးတော့ကျမနဲ့ 
လိုက်ခဲ့ပါရစေ သူမကိုပြစ်မသွားပါနဲ့နော်ဆိုပြီး တောင်းပန်တဲ့အကြည့်လေးနဲ့ မျက်ရည်ဝဲပြီး ပြောနေရှာတဲ့ 
သူမကိုကြည့်ပြီး ကျမရင်ထဲမှာ တဆစ်ဆစ်နဲ့ နင့်နေအောင် နာကျင်လိုက်တာ… အလုပ်ကိစ္စက 
အရေးကြီးနေတာမို့ 
စိတ်မကောင်းပေမယ့်လည်း သူမကို မေမေတို့နဲ့ ထားခဲ့ရတယ်… ကားဂိတ်ရောက်တော့ 
လူတွေအများကြီးရဲ့ကြားမှာ 
အိမ်မှာကျန်ရစ်ခဲ့တဲ့ သူမရဲ့အဖြစ်ကိုမြင်ယောင်ရင်း ၀မ်းနည်းမိတဲ့စိတ်ကို ထိန်းချုပ်လို့မရတော့ပဲ ကျမ 
ချုံပွဲချငိုနေမိပါတော့တယ်…. ဟိုင်းဝေးခရီးဆိုတော့ ပတ်ဝန်းကျင်က ကျမကိုဘယ်လိုမြင်ကြမလဲ 
အားလုံးက 
ဒွိဟအကြည့်တွေနဲ့ပေါ့… အဲ့ဒီအချိန်မှာ ပတ်ဝန်းကျင်ဆိုတာကိုလည်း ဂရုမစိုက်နိုင်အားပဲ 
ကိုယ့်အတွေးနဲ့ကိုယ် 
သူမကိုပဲစိုးရိမ်စိတ်နဲ့ ပူပန်နေမိတယ်…။


တစ်ခါတစ်လေ အိမ်မှာအလုပ်အားနေတဲ့ရက်တွေဆို ကျမသူမကို အကဲခတ်ကြည့်တယ်… သူမပဲ 
အေးအေးလေးနေတက်တာလား ကျမအမြင်မှာပေါ့ သူမသိပ်ပြီးအထီးကျန်ဆန်နေသလားလို့… ကျမက 
သူမကို 
ပျော်ပျော်ရွှင်ရွှင်နဲ့ တက်ကြွနေတာကိုပဲ မြင်ချင်တာလေ… အခု သူမက အဲ့လိုမျိုးမဟုတ်တော့ 
စိတ်မကောင်းဖြစ်ရတာပေါ့… ။

 တစ်ခါတစ်လေကျပြန်တော့ သူမမှာ မိသားစုသာရှိရင် ပျော်နေမှာဆိုပြီး မိသားစုဘ၀လေးနဲ့လည်းသူမကို 
မြင်ချင်ပြန်တယ်… သူမလည်းအရွယ်ရောက်နေပြီပဲလေ… မိသားစုဘ၀လေးလည်း သူမမှာရှိသင့်တာပေါ့ 
သူမရဲ့ကိုယ်ပိုင်မိသားစုဘ၀လေးနဲ့ဆို သူမပျော်နေမှာပဲလိုတွေးမိတယ်… ဘယ်လိုပုံစံမျိုးနဲ့ပဲဖြစ်ဖြစ် 
သူမပျော်ရွှင်နေတာကိုပဲ မြင်ချင်နေမိတာ သူမအပေါ်ထားတဲ့ ကျမရဲ့မေတ္တာတရားပဲပေါ့…

ကျမသူမနဲ့အတူ လမ်းလျှောက်ထွက်တိုင်း မြင်တဲ့လူတိုင်းက သူမကိုချစ်ကြတယ် 
ဆွေမျိုးတော်ပါရစေဆိုပြီး 
ခွင့်တောင်းကြတယ် ဒါပေမယ့် သူတို့က သူမနဲ့အမျိုးစပ်ပြီး ဘယ်သူ့မျက်နှာမှမကြည့်ပဲ 
သူတို့လိုချင်တာရရင် သူမကို 
ထားခဲ့ကြမှာ… သူမရဲ့မိသားစုဘ၀လေး ပြိုကွဲရမှာ… သူမထပ်ပြီး ကြေကွဲဝမ်းနည်းရမှာ… ဟင့်အင်း 
ကျမသူမကို 
ထပ်ပြီး ဒဏ်ရာတွေမရစေချင်တော့ဘူး ဘယ်သူနဲ့မှမတူတဲ့ သူမက အသိဥာဏ်ရှိပြီး ခန္ဓာငါးပါးနဲ့ 
သက်ရှိသတ္တ၀ါပဲလေ… ဘ၀ကံအကျိုးပေးကြောင့် အသိဥာဏ်နည်းပါးပေမယ့် သူမရဲ့ခံစားတက်တဲ့ 
နှလုံးသားလေး 
ထပ်ပြီး နာကျင်ရမှာကို ကျမ မလိုလားပါဘူး အဲ့ဒီအတွက်လည်း ကျမကို အတ္တကြီးတယ်လို့ 
ပြောချင်ပြောကြပါစေ 
ငယ်စဉ်ကတည်းက စွန့်ပြစ်ခြင်းခံရပြီး ဒဏ်ရာတွေနဲ့ နာကျင်စွာခံစားခဲ့ဖူးတဲ့ သူမရင်ကို 
ထပ်ပြီးအနာတရမဖြစ်စေချင်တာလည်း သူမအပေါ်ထားတဲ့ ကျမရဲ့ စေတနာတွေပေါ့…။


တစ်နေ့မှာတော့ သူမဘ၀လေး စိုပြေစေဖို့ အကြောင်းဖန်လာခဲ့တယ်… အဖြူရောင်လေးတွေကို 
ချစ်တက်တဲ့ကျမ 
သူငယ်ချင်းတွေနဲ့ စားသောက်ဆိုင်တစ်ဆိုင်မှာ နေ့လည်စာ သုံးဆောင်နေတုန်းပေါ့…  ဖွေးဖွေးဖြူပြီး 
၀၀ကစ်ကစ်လေးနဲ့ ချစ်စရာကောင်းတဲ့ ကိုယ်တော်ချောလေးကို တွေ့လိုက်ရတော့ သူမကို ချက်ချင်း 
သတိရသွားမိတယ်… ဒီကောင်လေးက သူမနဲ့ဆို အရမ်းလိုက်ဖက်ညီမှာ… နေနဲ့လ ရွှေနဲ့မြဆိုလည်း 
မမှားဘူးပေါ့… 
အဟိ(အဲ့လောက်အမွှန်းတင်လို့ အမြင်မကတ်ကြပါနဲ့နော်) လိုချင်တာကို နည်းမျိုးစုံနဲ့ မရမကယူတက်တဲ့ 
ကျမရဲ့အကျင့်ကြောင့် ဒီကောင်လေးက သူမရဲ့ ဖူးစာဖက် မှန်သွားတာပေါ့ကွယ်… ကျမ သူတို့နှစ်ဦးကို 
အကြာကြီးတောင်မိတ်မဆက်ပေးလိုက်ရပါဘူး မကြာခင်ပဲ သူတို့တွေ ရင်းနှီးသွားကြလေတယ်… 
ဒီကောင်လေးကလည်း ကောင်လေးဆိုတဲ့အတိုင်း အရမ်းဆော့ပြီး အစအနောက်ကလည်းသန်ပါ့… 
အမြဲတမ်း 
တည်ငြိမ်ပြီး အေးအေးလေးနဲ့ အထီးကျန်စွာနေတက်တဲ့သူမလည်း ဒီကောင်လေးရဲ့ 
အစအနောက်တွေကြောင့် 
ပျော်ရွှင်နေပါပြီး… ။


အခုဆို ကောင်လေးနဲ့သူမတို့ရဲ့ မျိုးဆက်ဖြစ်တဲ့ ချစ်စရာကောင်းတဲ့ သဲသဲနဲ့ ကစ်ကစ်ဆိုတဲ့ 
သမီးလေးတွေကို 
သူမရဲ့လက်ဆောင်အဖြစ် ကျမကို မွေးပေးခဲ့တယ်လေ… သူမရဲ့သမီးလေးတွေကို ကျမအရမ်းချစ်တာပဲ… 
သူမတို့မိသားစုလေး စည်းစည်းလုံးလုံးနဲ့ ပျော်ရွှင်နေတာကို မြင်ရတော့ ကျမရင်မှာ သူမအတွက် 
ပီတိဖြစ်ရပါတယ်… 
သူမတို့မိသားစုလေး ဆော့ကစားနေတာမြင်ရင် ကျမလည်း ပျော်နေမိတယ်… တစ်ခါတစ်လေ 
အိမ်ကိုသူငယ်ချင်းမိတ်ဆွေတွေ လာလည်ရင် သူမရဲ့သမီးလေးတွေကို ချစ်စရာကောင်းလို့ဆိုပြီး 
တောင်းကြတယ်… 
ကျမ ဘယ်လိုပေးနိုင်မှာလဲနော်… ပျော်ရွှင်နေတဲ့ သူမတို့မိသားစုလေး ပြိုကွဲသွားမှာပေါ့… အဲ့ဒီအတွက် 
ကျမကို 
စိတ်ပုတ်တယ်လို့ ပြောကြတယ်… စိတ်မကောင်းပေမယ့် သူမရဲ့ မိသားစုဘ၀လေးကိုတော့ 
ပြိုကွဲမခံနိုင်ပါဘူး… 
ကျမသူမတို့ရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပေးရမှာပေါ့…။


ကျမအရမ်းချစ်ရတဲ့ သူမသမီးလေးတွေက အခုဆို အရွယ်ရောက်နေကြပြီလေ… သူတို့လေးတွေက 
အသိဥာဏ်နည်းပါးကြပေမယ့် သူမရဲ့ကောင်လေးကတော့ အဖွားကြီးဖြစ်နေတဲ့ သူမအပေါ် အခုထိ 
သစ္စာရှိပြီး 
ချစ်ခင်နေဆဲပါပဲ… အခုလို သိတက်ပြီး လိမ္မာတဲ့ သူမတို့မိသားစုလေးဟာ အတိတ်ဘ၀က 
အကုသိုလ်ကံရဲ့ဝဋ်ကြွေးကြောင့် ဒီဘ၀မှာ နိမ့်ကျတဲ့ သတ္တ၀ါတွေဖြစ်လာခဲ့ကြပေမယ့် 
ဒီဝဋ်ကြွေးအမြန်ကျေပြီး 
နောင်သံသရာ ဘ၀တိုင်းမှာ မြင့်မြတ်ပြီး အသိဥာဏ်မြင့်မားတဲ့သတ္တ၀ါတွေ ဖြစ်ကြပါစေလို့ ကျမချစ်တဲ့ 
သူမတို့မိသားစုလေးအတွက် ရင်ထဲကနေ အမြဲပဲဆုတောင်းပေးနေမိပါတော့တယ်…..။


ကျမချစ်သော သူမတို့သားမိ
 မှတ်ချက်။        ။ကျမ သူမတို့ကို ချစ်လွန်းတာ သူမသမီးလေးတွေကို မပေးလိုက်နိုင်တာ ကျမ 
သူမတို့အပေါ် 
သံယောဇဉ်ကြီးလွန်းတာတွေကို ၀ဋ်ကြွေးလို့ သူငယ်ချင်းတွေက ပြောကြတယ်… ကျမလက်ခံပါတယ်… 
သူမတို့ 
မိသားစုလေး သက်တမ်းကုန်တဲ့ထိတော့ ကျမတာဝန်ယူရမှာပေါ့… အရာရာတိုင်းဟာ ကံ 
ကံ၏အကျိုးတရားတိုင်းပါပဲ…..။  (4:20 PM)

4 comments:

  1. လေပြေရေ
    သိပ်ချစ်စရာကောင်းတဲ့ ချစ်စရာ သတ္တဝါလေးတွေပါ။
    သူတို့မိသားစုလေးပျော်ရွှင်နေရတာမြင်တော့ လေပြေကိုလည်း
    မိသားစုနဲ့ဖြစ်စေချင်တယ်။မိသားစု အသိုက်အဝန်းလေးနဲ့ဆို
    လောကကြီးက လှပ သာယာနေမှာ အမြဲပေါ့....

    မေတ္တာဖြင့်
    အလွမ်း

    ReplyDelete
  2. သေချာဖတ်နေတာ ဘယ်သူ့အကြောင်းများလဲလို့လေ အုး.... သူတို့လေးတွေကိုးချစ်စရာလေးတွေဂျက်လဲအရမ်းကိုချစ်တယ်

    ReplyDelete
  3. ချစ်စရာလေးတွေနော်။
    လေပြေရဲ့သူတို့လေးတွေအပေါ်ထားတဲ့စေတနာလေးတွေကို သဘောကျတယ်။

    ReplyDelete
  4. နောင်သံသရာ ဘ၀တိုင်းမှာ မြင့်မြတ်ပြီး အသိဥာဏ်မြင့်မားတဲ့သတ္တ၀ါတွေ ဖြစ်ကြပါစေလို့ ကျမချစ်တဲ့
    သူမတို့မိသားစုလေးအတွက် ရင်ထဲကနေ အမြဲပဲဆုတောင်းပေးနေမိပါတော့တယ်…..။
    မွန်မြတ်တဲ့စိတ်ထားအပြည့်အ၀ထားတဲ့အမရဲ့တောင်းတဲ့ဆုပြည့်ပါစေနော်။

    ReplyDelete