1. 1. 1.

Friday, March 9, 2012

ကာရန်မဲ့ ပုစ္ဆာ

အချစ်က ငါ့အတွက် အလင်းရောင်လား?
တည်ငြိမ်တဲ့ အလင်းလား?
ဒါမှမဟုတ် မှုန်ဝါးဝါး ဟိုးအဝေးက
အလင်းရောင်မှိန်မှိန် မီးအိမ်လေးလား?
သေချာတာက ဟောင်းနွမ်းနေတဲ့
အချစ်စာအုပ် ဟောင်းတွေကိုပဲ
ငါ အိမ်မက် မက်နေခဲ့.....။

အချစ်က ငါ့အတွက်ကြယ်လေးလား?
လင်းလက်တဲ့ ကြယ်ပွင့်လေးလား?
ဒါမှမဟုတ် ဟိုး..အဝေး ကောင်းကင်ထက်မှာ
စည်းချက်ညီညီ ကခုန်နေလား?
သေချာတာက စိတ်ထက်သန်တဲ့
မေးခွန်းတစ်ခုကို ငါကိုယ်တိုင်
ဖြေရန်ခက်နေခဲ့.....။

 
အချစ်က ငါ့အတွက်စွမ်းအားလား?
ငါ့ဘ၀အတွက် အားအင်တွေပဲလား?
ဒါမှမဟုတ် သိဒ္ထိတင်ထားတဲ့အချစ်ရဲ့
ချိုမြိန်မှု၊ ခါးသက်မှု ရသတစ်ခုခုလား?
သေချာတာက အာရုံလောကအပေါ်
အဓိပါယ်မဲ့ စွဲလန်းတက်တယ်လို့ ငါယူဆ.....။

အချစ်က ငါ့အတွက်ကြေကွဲစရာလား?
ဝမ်းနည်းမှုတွေပဲ ဖြစ်စေမလား?
ဒါမှမဟုတ် ပျော်ရွှင်မှုတို့ မွေးဖွားရာ
မူလအစလား ငါဝေခွဲမရ
သေချာတာက ငါရေးခဲ့ဖူးတဲ့
အလွမ်းကဗျာတွေနဲ့အတူ ငိုနေခဲ့ရ.....။

အချစ်က ငါ့အတွက်ကဗျာချိုလေးလား?
မာယာတွေနဲ့ လွှမ်းခြုံထားတဲ့ ကဗျာလိုလား?
ဒါမှမဟုတ် ရိုးရှင်းတဲ့စာသားတွေနဲ့
အဖြူရောင်ပြတိုက်ငယ်လေးလား?
သေချာတာက ငါ့အတွေးတိုင်းမှာ
ကာရန်ညီတဲ့ ကဗျာတွေသာ
အသေအချာ ရေးချင်နေတာ.....။

1 comment:

  1. မင်းပိုင်ဆိုင်တဲ့ စိတ်ထွက်ပေါက်လေးတစ်ခု ကို အားကျမိပါတယ်ကွယ်

    ပျော်ရွှင်နိုင်ပါစေ လို့တောင်းဆုပြုရင်း

    (HM)

    ReplyDelete