1. 1. 1.

Tuesday, January 31, 2012

သူငယ်ချင်း သိနိုင်ပါစေ (ခံစားချက် စာမူ)

(၂၂.၁.၂၀၁၂) နေ့မှာ သူငယ်ချင်း အသက် ၃၃ နှစ်  ပြည့်ပြီနော် မွေးနေ့ဆိုတာကို ဘယ်လိုခံစားမိလဲ သူငယ်ချင်း၊ ပြီးတော့ မွေးနေ့မှာ ပျော်စရာ အစီအစဉ်ပေါင်းများစွာတော့  ရှိမှာပေါ့ ...။ဥပမာ နင်က လူလွတ်ဆိုရင် ချစ်သူလေးနဲ့ ပျော်ရင်း တစ်နေ့တာ ကုန်ဆုံးစေမယ်ပေါ့.... ဒါမှမဟုတ် အိမ်ထောင်ရှိတယ်ဆိုရင်တော့ အိမ်သူသက်ထားနဲ့
ဘုရားသွားမယ်၊ ကျောင်းတက်မယ်၊ မိသားစုနဲ့ အတူ ပျော်စရာလေးများနဲ့ တစ်နေ့တာ ကုန်ဆုံးစေမယ်လေ.....။ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ ဒင်နာလေး လုပ်ပြီး ပျော်ကြမယ်ပေါ့.....။တစ်ခုခုပေါ့ဟာ..... ဒီအစီအစဉ်တွေက မွေးနေ့ရှင်တွေ ဖြတ်သန်းနေကျ သမာရိုးကျ လေးတွေပေါ့နော်။
         ပြီးတော့ သူငယ်ချင်းတွေက ဆုတွေပေးကြတယ်လေ....။ ကဲ....သူငယ်ချင်း ဘယ်လိုဆုမျိုး လိုချင်မလဲ ငါထင်ပါတယ် မိဘကို ချစ်တဲ့သူ ဆိုရင်တော့ သားကောင်းရတနာ  လေးတစ်ယောက် ဖြစ်ရပါလို၏ပေါ့.....။ အရမ်းချစ်ရတဲ့ အိမ်သူရှိမယ်ဆိုရင်လည်း ဖြစ်လေရာ ဘ၀ဆက်တိုင်းမှာ မခွဲမခွာ အတူရှိရပါလို၏ပေါ့.....။ ချစ်ရတဲ့ရှိမယ်ဆိုရင်လည်း ချစ်သူလေးကို အမြန်ဆုံးပိုင်ဆိုင်ခွင့်ရပြီး အိုအောင်မင်းအောင် ပေါင်းရပါလို၏ပေါ့..။ ဒါမှမဟုတ် သူငယ်ချင်းက အိမ်ထောင်လည်း မရှိဘူး ချစ်သူလည်း မရှိသေးဘူးဆိုရင်တော့ ဘ၀နဲ့ ဆန္ဒ တစ်ထပ်တည်း ကျရပါလို၏ပေါ့လေ....။ ဟုတ်တယ်မှတ်လား :)....။ ဒါမှ မဟုတ် သူငယ်ချင်းက တရားသဘောလေး နားလည်တယ်ဆိုရင်တော့ အဆုံးစွန်းသောဘ၀မှာ နိဗာန်ရောက်ရပါလို၏ပေါ့....။ 
       ဒါတွေကတော့ မွေးနေ့ရှင်တိုင်း လိုချင်ကြတဲ့ ဆုတောင်း တစ်ချို့ပေါ့ဟာ။ ကျမလည်း သည်လို့နေ့တွေကို ဖြတ်ကျော်ခဲ့ဖူးပြီးပါပြီ။ အခုတော့ အသက်က စကားပြောလာတာပဲလားမသိဘူး၊ ရင်ကြက်လာတာပေါ့နော်၊ အကြောင်းအရာ တစ်ခုခုဆို သာမန်ပေါ့ပေါ့လေး မတွေးတက်တော့ဘူး။ လေးလေး နက်နက်စဉ်းစားလာတယ်။ ပြီးတော့ သံဝေဂလည်း ယူတက်လာတယ်လေ၊ ကျမ သံသရာကို အရမ်းကြောက်လာတယ်။
         ကျမရှင့်ကို အရမ်းခင်တယ်လေ၊ ဒါကြောင့်လည်း ကိုယ့်သူငယ်ချင်းတွေတိုင်းကို အကောင်းတွေပဲ ဖြစ်စေချင်တယ်၊ ကျမတို့ မိန်းမသားတွေရဲ့ မိခင်စိတ်လို့ပဲ ဆိုရမလား....။သူငယ်ချင်းတွေ လမ်းမှားရောက်မှာကို စိုးရိမ်မိတယ်...။ ဒါကြောင့် “ဒီနေ့ဘာလုပ်မလဲ” ဆိုတဲ့ စိတ်ကို လက်တွေ့ကျကျ စောင့်ကြည့်စစ်စေးပြီးတော့ သူငယ်ချင်းရဲ့ စိတ်မှာ “ဂိတ်” လေးတစ်ခု တည်ဆောက်ဖို့ လိုလိမ့်မယ်။ အဲ့လို “စိတ်”မှာ “ဂိတ်” လေးဖွင့်ပြီး “သတိ” ဆိုတဲ့ “ဂိတ်” စောင့်နဲ့ စောင့်ကြည့်နေနော်။ အဲ့ဒီအခါမှာ ကုသိုလ်နဲ့ အကုသိုလ်ဆိုတဲ့ ရထားနှစ်စင်း ဆိုက်ရောက်လာလိမ့်မယ်။ အဲ့ဒီရထားနှစ်စင်းမှာ ကုသိုလ်ရထားပေါ် တက်ရောက်ဖို့အတွက် ဂိတ်ဖွင့်ပေးတဲ့သူက “သတိကြီးစိုးတဲ့စိတ်” ပဲပေါ့။ အဲ့လိုပဲ အကုသိုလ်ရထားပေါ် တက်ရောက်ဖို့အတွက် ဂိတ်ဖွင့်ပေးသူကလည်း “သတိကင်းလွတ်တဲ့စိတ်” ပဲလေ။ သူငယ်ချင်း နားလည်မယ်လို့ထင်ပါတယ်နော်။     
           ဒါကြောင့်သူငယ်ချင်း ရှေ့ကို ခရီးဆက်ရမယ့် ဘ၀သံသရာခရီးမှာ သတိကြီးစိုးတဲ့ ကုသိုလ်စိတ်နဲ့သာ နေထိုင် ကျင့်ကြံနိုင်ပါစေလို့  သူငယ်ချင်းမွေးနေ့အတွက် ဆုတောင်းပေးလိုက်ပါတယ်နော်......။

No comments:

Post a Comment