နင့်လို ချစ်စရာ ခင်စရာကောင်းတဲ့
သူငယ်ချင်းမျိုးနဲ့ ကြုံဆုံခဲ့ရတာ
အရမ်းကံကောင်းတာပဲလို့ တွေးနေမိတယ်။
တစ်ဖက်သားကို တန်ဖိုးထားလေးစား
ထောက်ထားညှာတာ စာနာတက်တဲ့
နင့်လို သူငယ်ချင်းမျိုး တစ်ကယ်ရှားတယ်
နောင်ဘ၀မှာလည်း တွေ့ချင်ဆုံချင်ပါသေးတယ်။
အခုဘ၀မှာလည်း
အခွင့်အရေးရသမျှ အတူနေပါရစေလို့
ဘုရားရောက်တိုင်း ငါဆုတောင်းတယ်
သူငယ်ချင်းလေး ကျန်းမာချမ်းသာပြီး
လိုရာဆန္ဒ ပြည့်ဝပါစေ....။
No comments:
Post a Comment