1. 1. 1.

Wednesday, December 7, 2011

ထီးနဲ့တူသော သူငယ်ချင်း

ငါ့ရင်ထဲ မွန်းကျပ်တဲ့အခါ
ငါပြောသမျှကို စာနာစိတ်နဲ့
ငါ့ဘေးမှာနင်လေနေလို့ နားထောင်ပေးတယ်..။

မဆုံးနိုင်တဲ့ လိုအပ်ချက်တွေ
ဂရုတစိုက်ကွယ် နင်မှတ်သားပြီး
မသိမသာဖြည့်ဆည်းပေးတယ်...။

သွားသင့်တဲ့လမ်းကို သွားတဲ့အခါ
သွားချင်တဲ့လမ်းကို သွားတဲ့အခါ
ငါသွားတဲ့နောက် တကောက်ကောက်လိုက်လို့
အဖေါ်အဖြစ်နင်လေလိုက်လို့
စောင့်ရှောက်ပေးတယ်..။


စာဖတ်ရမှာ ပျင်းတဲ့ငါ့ကို
နင်ဖတ်ထားတဲ့ စာတွေအကြောင်း
အချိန်ရတိုင်း ပြောပြပေးတယ်...။

ငါ့ကိုမကောင်းပြော
မကောင်းထင်တဲ့ လူတွေကို
ငါ့ဘက်ကနေ ၀င်ဖြေရှင်းပေးတယ်
တစ်ကယ်တော့ နင်ဟာငါ့အတွက်
ငါ့ကိုအမြဲ အရိပ်မိုးပေးတဲ့
ထီးနဲ့တူတဲ့ သူငယ်ချင်းပဲ....။

No comments:

Post a Comment