1. 1. 1.

Wednesday, June 5, 2013

ရပ်ထားခဲ့တဲ့ ကျမရဲ့ကဗျာ

မွေးဖွားခဲ့ကြတယ်
နုပျိုမှုတွေနဲ့ ဇရာကိုအန်တု
သေခြင်းဆီသို့ ဦးတည်ကြတယ်…
အစွန်းနှစ်ဖက်ရဲ့ကြား ဘာတွေများရခဲ့လဲ
သောကတွေနဲ့ မျက်ရည်ဝေလိုက် ဒေါသတွေပုံဖေါ်လိုက်နဲ့
အစိုးမရတဲ့ ဘ၀တိုက်ပွဲတွေကြား
တစ်ချို့များအတ္တတွေဖုံးလွှမ်း နှလုံးသားတွေစုံလုံးကန်းနေကြတယ်
ဒါပေမယ့်.....
ငါ တရားဝင်ပိုင်ဆိုင်ထားတဲ့ မွေးဖွားမှုက
တမလွန်မှာ အခုထိပုံစံမပျက်သန္ဓေတည်နေခဲ့တယ်။

အချိန်တွေပြောင်းခဲ့တယ်
ရက်စွဲတွေပြေးလွှားရင်း
ပြက္ခဒိန်တွေလည်း ဟောင်းခဲ့တယ်…
ဘာတွေက သာဓကပြခဲ့လဲ
ရွက်ဟောင်းကြွေလိုက် ရွက်သစ်ဝေလိုက်နဲ့
သင်္ခါရတရားတွေကြား
တစ်ချို့များ မာယာတွေခြုံ ပကာသနတွေရုံထားကြတယ်
ဒါပေမယ့်.....
ငါတရားဝင်ပိုင်ဆိုင်ထားတဲ့ နာရီလက်တံတွေက
အတိတ်ဆီမှာ အခုထိပုံစံမပျက်ရပ်တန့်နေခဲ့တယ်။

နေ့စဉ်ဘ၀တွေ လှုပ်ရှားနေကြတယ်
ခံစားချက်ကိုယ်စီနဲ့ သရုပ်ဆောင်နေကြတယ်
မျှော်လင့်ချက်ကိုယ်စီနဲ့ အသက်ရှင်နေကြတယ်.....
မတူညီကြတဲ့ ဘ၀ခရီးလမ်းမှာ
အနှစ်သာရ ဘာတွေများခံစားခဲ့ရလဲ
ဇာတ်ဆရာခိုင်းသမျှ ဘယ်လိုမှရှောင်ဖယ်မရတာ
သူ့စိတ်ကူးတွေသာ ပုံမှန်အသက်သွင်းနေလေရဲ့
ဒါပေမယ့်....
လေပြေချိုရဲ့ ကဗျာတစ်ပုဒ်က
သက္ကရာဇ်တစ်ခုမှာ အခုထိပုံစံမပျက်လှပနေခဲ့တယ်။

မှတ်ချက်။    ။လုံးဝကိုရပ်တန့်ထားခဲ့ပါတယ်......  (3:00 PM)

3 comments:

  1. ဒါပေမယ့်....
    လေပြေချိုရဲ့ ကဗျာတစ်ပုဒ်က
    သက္ကရာဇ်တစ်ခုမှာ အခုထိပုံစံမပျက်လှပနေခဲ့တယ်....

    အဆုံးသတ်က အမိုက်ဆုံးပဲ မ :)
    လွှတ်ကြိုက် :)))

    ReplyDelete
  2. ဘဝက ပင်ပန်းလွန်းပါတယ်။
    လောကကြီးက သိပ်ရက်စက်ပါတယ်။
    ဒီလိုဘဲ လူတိုင်းကျော်ဖြတ်ကြရတယ်။
    ညလေးမိုးနတ်ရေးထားတဲ့အတိုင်း အဲဒီစာသားက တော်တော်လေးလှတယ်။

    ReplyDelete
  3. လေပြေရေ

    မတွေ့ မရောက်တာကြာပြီ။ ခုမှ ရောက်လာဖြစ်တယ်။
    ကဗျာကောင်းလေးအားပေးသွားတယ်နော်။
    ဇရာအကြောင်းမပြောပါနဲ့အေ။ ခိ ခိခိ

    မေတ္တာဖြင့်
    အလွမ်း

    ReplyDelete