1. 1. 1.

Wednesday, December 7, 2011

အနှိုင်းမဲ့ မေမေ....

မေမေ သမီးကိုမွေးတဲ့မေမေ
ဘ၀တစ်လျှောက်လုံး သမီးစိတ်ကြိုက်လိုက်လျောပေ
မေမေ့မေတ္တာ အကြွေးတွေတင်လို့နေ...။

ချစ်မေမေ သမီးငယ်စဉ်ကလေ
မေမေ့မေတ္တာမရရင်လေ သမီးမရပ်တည်နိုင်ပေ
မေမေရေ ချစ်သောမေမေရေ...။

ပျော်ရွှင်မှုတွေပေးခဲ့တဲ့ မေမေ
နှိုင်းယှဉ်စရာစကားလုံးများ ရှာမရပေ
ဘုရားသခင် မေမေ့ကိုကောင်းချီးများပေးပါစေ
နေ့ရောညပါ သမီးဆုပန်ခြွေ....။


ချစ်မေမေ သမီးအရွယ်ရောက်လာပြီလေ
ကိုယ့်လမ်းကို မှန်မှန်လျှောက်နိုင်ပြီမသွေ
မေမေပေးခဲ့တဲ့ မေတ္တာကြွေးပြန်ဆပ်ချင်ပေ
မေမေ...ချစ်သော ကျမမေမေ...။

No comments:

Post a Comment