1. 1. 1.

Wednesday, December 7, 2011

ကြေကွဲမှု အိပ်ရာပေါ်ဝယ်

 ကြေကွဲမှု အိပ်ရာပေါ်ဝယ်
မပျော်နိုင်ခဲ့ပါ ငါ့ရဲ့ည
ဖြတ်ကျော်ခဲ့ရလေတာ...။

ငိုနေတဲ့ ငါ့မျက်ဝန်းများ
ပင်ပန်းကာ နွမ်းနယ်နေလို့
ညှိုးငယ်တဲ့ ငါ့နှလုံးသားက
ပျော်ရွှင်မှုများရဲ့ နံနက်ကို
နှုတ်ဆက်ဖို့မသင့်ပါ...။

ပကတိ နေရောင်ဖြာလျှင်
ခြုံပ၀ါ တစ်ပိုင်းဖြန့်
ဆီးကန့်လို့ငါ့ကိုသာ
ကာပေးပါ ပန်ကြား...။

လူ့ဘ၀ကပွဲမှာ
အလင်းဖြာ နင့်အကြင်နာနဲ့
လွှမ်းခြုံကာ ငါ့ကိုထွေးလို့
လောကရဲ့ သောကဒဏ်မှ
တစ်ရံခဏ သက်သာစေဖွယ်
ကာကွယ်ပေးစေချင်ပါတယ်...။

No comments:

Post a Comment