
ငါရေးတဲ့ကဗျာ မကောင်းသေးပါလားလို့အားငယ်မိပြီး
ကျမကိုယ်ကျမ ချစ်မိသောအခါ
ငါရေးထားတာပဲ ကောင်းတာပေါ့ဆိုတဲ့ ခွန်အား ဖြစ်စေခဲ့တယ်။
ကျမကိုယ်ကျမ မချစ်မိစဉ်က
သမာရိုးကျဘ၀လေးနဲ့ ရောင့်ရဲနိုင်ခဲ့ပြီး
ကျမကိုယ်ကျမ ချစ်မိသောအခါ
အောင်မြင်ပျော်ရွှင်သောဘ၀ကို တောင့်တခဲ့တယ်။
ကျမကိုယ်ကျမ မချစ်မိစဉ်က
ကံကိုသာ အားကိုးခဲ့သလောက်
ကျမကိုယ်ကျမ ချစ်မိသောအခါ
အလုပ်ကိုသာ အားကိုးတက်လာတယ်။
ကျမကိုယ်ကျမ မချစ်မိစဉ်က
အထီးကျန်ရခြင်းမှာ ပျော်မွေ့နေပြီး
ကျမကိုယ်ကျမ ချစ်မိသောအခါ
အထီးကျန်ခြင်းကို အားနည်းချက်တစ်ခုလို့ မြင်တက်လာတယ်။
ကျမကိုယ်ကျမ မချစ်မိစဉ်က
တစ်စုံတစ်ယောက်ကို ချစ်ရကောင်းမှန်းပင် မသိနိုင်ဖြစ်ခဲ့ရပြီး
ကျမကိုယ်ကျမ ချစ်မိသောအခါ
တစ်စုံတစ်ယောက်အား ချစ်ခြင်းဖြင့် ကျမဘ၀ကို မြတ်နိုးမိစေတော့တယ်။
ကျမကိုယ်ကျမ မချစ်မိစဉ်က
ReplyDeleteတစ်စုံတစ်ယောက်ကို ချစ်ရကောင်းမှန်းပင် မသိနိုင်ဖြစ်ခဲ့ရပြီး
ကျမကိုယ်ကျမ ချစ်မိသောအခါ
တစ်စုံတစ်ယောက်အား ချစ်ခြင်းဖြင့် ကျမဘ၀ကို မြတ်နိုးမိစေတော့တယ်-------------------------
ကျမကိုယ်ကျမ မချစ်မိစဉ်က
ReplyDeleteကံကိုသာ အားကိုးခဲ့သလောက်
ကျမကိုယ်ကျမ ချစ်မိသောအခါ
အလုပ်ကိုသာ အားကိုးတက်လာတယ်။
ကျမကိုယ်ကျမ မချစ်မိစဉ်က
တစ်စုံတစ်ယောက်ကို ချစ်ရကောင်းမှန်းပင် မသိနိုင်ဖြစ်ခဲ့ရပြီး
ကျမကိုယ်ကျမ ချစ်မိသောအခါ
တစ်စုံတစ်ယောက်အား ချစ်ခြင်းဖြင့် ကျမဘ၀ကို မြတ်နိုးမိစေတော့တယ်။
(((အားပေးသွားတယ် လေပြေလေးရေ။။
ချစ်ခြင်းမေတ္တာက အရာရာကို အကောင်းမြင်နိုင်သလို အရာရာကိုလည်း အလွယ်တကူ အောင်မြင်စေနိုင်တယ်။ အဲ့လိုပဲ တစ်ခါတစ်ကျေတော့ ချစ်ခြင်းမေတ္တာက အရာရာကို အလွယ်တကူနဲ့ပဲ ကျဆုံးစေတတ်ပြန်တယ်။
ReplyDeleteThis comment has been removed by the author.
Deleteကဗျာလေးက အဓိပ္ပါယ်ရှိတယ် ။အားပေးလျက်ပါ
ReplyDelete“ကျမကိုယ်ကျမ မချစ်မိစဉ်က
ReplyDeleteအထီးကျန်ရခြင်းမှာ ပျော်မွေ့နေပြီး
ကျမကိုယ်ကျမ ချစ်မိသောအခါ
အထီးကျန်ခြင်းကို အားနည်းချက်တစ်ခုလို့ မြင်တက်လာတယ်။” ... ကဗျာကောင်းလေးတစ်ပုဒ်ပဲနော် မမ ... :)
ဒီကဗျာလေးကို သဘောကျလို့ ပရင့်ထုတ်ယူထားလိုက်တယ်။ ကြိုက်တဲ့ ကဗျာလေးတွေ၊ ခွန်အားဖြစ်စေတဲ့ ကဗျာလေးတွေဆို ပရင့်ထုတ်ပြီး ဖိုင်တွဲထားလေ့ ရှိတယ်လေ။ ကိုယ့်ကိုယ်ကို သိပ်ချစ်တတ်ဖို့ လိုတယ်။ ကဗျာကောင်းလေး အတွက် ကျေးဇူးးတင်ပါတယ်။
ReplyDeleteခင်တဲ့
မြတ်
ကျမကိုယ်ကျမ မချစ်မိစဉ်က
ReplyDeleteငါရေးတဲ့ကဗျာ မကောင်းသေးပါလားလို့အားငယ်မိပြီး
ကျမကိုယ်ကျမ ချစ်မိသောအခါ
ငါရေးထားတာပဲ ကောင်းတာပေါ့ဆိုတဲ့ ခွန်အား ဖြစ်စေခဲ့တယ်။
ဒီစာကြောင်းလေးကို ကျန်တော် နစ်သက်လွန်းခဲ့တယ်ဗျာ