
လေနှင်ရာ မိုးကိုခေါ်ပြီး
ထစ်ချုန်းသံ ကစုန်ပေါက်လို့
ရွာတော့မယ် ဟန်ပြင်။
ငိုချင်သူကို လက်တို့နေသလို
ငါ...အရမ်းကို လွမ်းနေရလို့
မပြိုပါနဲ့ မိုးမင်းရယ်လို့
တောင်းပန်လိုက်ချင်။
မိုးကောင်းကင် သားအိမ်အတွင်းမှာ
ကြယ်စင်တွေ ကခုန်လို့
လမင်းလေး ပြုံးနေပါလျှင်
လှပတဲ့ ကာရန်တွေနဲ့
ကဗျာလေးတွေ့ ဖွဲ့နွဲ့လို့
ဂုဏ်ပြုလိုက်ချင်။
အကြောင်းပြချက်။ ။မိုးက ရွာလိုက် တိတ်လိုက် နဲ့ တော်တော်ကိုကြာနေပြီး။ မနက်လင်းလို့ အလုပ်သွာနေကြတဲ့ လူတွေကြည့်ရင် မိုးရေထဲမှာ အဆင်ပြေမယ်မထင်ဘူး.. ညနေအလုပ်ပြန်တော့လည်း မိုးရေထဲမှာ စိုစိစိုစိနဲ့..။ဆေးခန်း ကြည့်ပြန်တော့လည်း အအေးမိပြီး ဖျားနေတဲ့လူနာတွေ အပြည့်ပဲ..။ ဒီမိုးက တရားတော့လွန်နေပြီး... အဲ့ဒါနဲ့ ရင်ထဲက ခံစားချက်တွေက မနေသာပဲ ကဗျာတစ်ပုဒ်ဖြစ်သွားတာ...:PPP
“ငိုချင်သူကို လက်တို့နေသလို
ReplyDeleteငါ...အရမ်းကို လွမ်းနေရလို့
မပြိုပါနဲ့ မိုးမင်းရယ်လို့
တောင်းပန်လိုက်ချင်။” ... မိုးရွာတဲ့အချိန်တွေဆို အလွမ်းဓါတ်ခံရှိသူ ညလေးအတွက်ကတော့ မိုးမျက်ရည်တွေစွေပြီပဲ ... :)
“ငိုချင်သူကို လက်တို့နေသလို
ReplyDeleteငါ...အရမ်းကို လွမ်းနေရလို့
မပြိုပါနဲ့ မိုးမင်းရယ်လို့
တောင်းပန်လိုက်ချင်။” ... မိုးတွေရွာချိန် ... မိုးတွေညိုနေချိန်ဆို ... ညလေးရဲ့အလွမ်းဓါတ်ခံတွေလည်း အုံကြွလာပြီပဲ သိလား မမ ... :)
ရင်ထဲက မိုးခံစားချက်လေးက ကောင်းပါတယ်။
ReplyDeleteစကားမစပ် ပုံကကောင်မလေးက မိုးမိခဲ့လို့ အဝတ်စိုကို
အခြောက်ခံထားလို့ ဒီလိုပုံလေးဖြစ်တွားတာလား လေပြေ။
အလုပ်သွား အလုပ်ပြန်သူတိုင်း အဲလို မိုးမိတယ်ဆိုရင်တော့
အဟီး....မတွေးဝံ့စရာနော်....ခိခိခိ
ဟုတ်တယ်လွမ်းရေ.. အဲ့မိုးကိုလေ ဖြစ်နိုင်ရင် အဲ့လိုသာတောင်းပန်လိုက်ချင်တယ်.. ဟီးဟီး
Delete“ငိုချင်သူကို လက်တို့နေသလို
ReplyDeleteငါ...အရမ်းကို လွမ်းနေရလို့
မပြိုပါနဲ့ မိုးမင်းရယ်လို့
တောင်းပန်လိုက်ချင်။” ... မိုးတွေရွာချိန် ... မိုးတွေညိုနေချိန်ဆို ... ညလေးရဲ့အလွမ်းဓါတ်ခံတွေလည်း အုံကြွလာပြီပဲ သိလား မမ ... :)
“ငိုချင်သူကို လက်တို့နေသလို
ReplyDeleteငါ...အရမ်းကို လွမ်းနေရလို့
မပြိုပါနဲ့ မိုးမင်းရယ်လို့
တောင်းပန်လိုက်ချင်။” ... မိုးတွေရွာချိန် ... မိုးတွေညိုနေချိန်ဆို ... ညလေးရဲ့အလွမ်းဓါတ်ခံတွေလည်း အုံကြွလာပြီပဲ သိလား မမ ... :)
လွမ်းတတ်တဲ့ စံပယ်တို့လိုလူကျတော့ မိုးရွာတဲ့အချိန်တို့ဆောင်နှင်းကျတဲ့အချိန်တို့ကို
ReplyDeleteဈေးကြီးကြီးပေးပြီးသာဝယ်လိုက်ချင်နေတာ
ညလေးရေ---မိုးအေးရင် အပြင်ထွက်တဲ့အခါ အနွေးထည်ထူထူလေးဝတ်နော်
ကျန်းမာရေးကိုလဲဂရုစိုက်ပါ
အပေါ်ကတစ်ယောက် နာအလုပ်သွားတိုင် နင်လွမ်းနေတာ နာသိတယ် ။
ReplyDeleteအလုပ်သွားတဲ့အချိန်လေးမှာတောင် လွင်ပြင်ကို မမစံပယ်ကလွမ်းနေတာ... ဟုတ်တယ်နော် မမ နော့် :)
Delete