
ရင်ထဲမှာပဲ
မှန်ကန်စွာ ထိန်းသိမ်းထားခဲ့တာ။
မှန်ကန်စွာ ထိန်းသိမ်းထားခဲ့တာ။
ပြောချင်နေတဲ့ စကားလုံးပေါင်း
ထောင်သောင်းမက ရှိနေပေမယ့်
ဆွံ့အလို့ နေလာခဲ့တာ
အမှန်တရား အတွက်လား။
မဖြစ်နိုင်းဘူးဆိုတဲ့ စကားလုံး
ဘယ်သူတွေကများ စသုံးခဲ့သလဲ။
လောကကြီး ဆိုတာကို
စပြီးဖန်တီးခဲ့တာ
အသိဥာဏ်မြင့်တဲ့ လူသားတွေပါ။
ကဗျာဆန်ဆန် လှပဖို့အတွက်
သနပ်ခါးဆိုတဲ့ အက္ခရာက
ရာဇ၀င်ထဲမှာ
အသေအချာ ရှိခဲ့တာပါ။
အတုအယောင် ဆိုတာက
ခဏတာပဲ မျက်နှာသာရနိုင်တာပဲ...
မရေရာတဲ့ သူ့ဘ၀ကြောင့်
ပေတရာမှာ မရှု့မလှ
ပျက်ဆီးသွားရ တာပဲလေ။
ဟိုမှာ... ပြတင်းတံခါးဖွင့်လို့
အပြင်လောကကို တစ်ချက်ကလေးမြင်ကြည့်ပေးပါ...
အမှန်တရားတွေက ကမ္ဘာတစ်ဖက်ခြားနေတာ
ရင်နာစရာပါ။
အခုတစ်လော
သိပ်ကြိုက်နေတဲ့ သီချင်းတစ်ပုဒ်ရှိတယ်
ခွန်သန်းထွန်း ဆိုထားတဲ့ (မြှားဘုရင်)တဲ့
ရိုးသားပြီး ဖြူစင်တဲ့
စစ်မှန်တဲ့ အမှန်တရားတွေကိုသာ
သူ့ဘ၀မှာ ကိုးကွယ်ခဲ့တယ်ဆိုတာ
ငြင်းဆိုဖွယ်ရာ မရှိဘူး။
သေချာနားထောင်တယ်
ကြိုက်လွန်းလို့ပါ
ရင်ဘတ်ကြီးနဲ့ နားထာင်တယ်
အရမ်းမှန်တာပဲ...
ဒါ တစ်ကယ့်အမှန်တရားပဲ။
အမှန်တရားဆိုတဲ့ စကားလုံး
သိပ်သုံးပြန်ရင်လည်း
လူတစ်ကာမုန်းတာ ခံရတယ်တဲ့
တစ်ကယ်ပါပဲလား...
နေပါစေ မုန်းစမ်းပါစေ
မုန်းပြီးရင် ချစ်လာမှာပဲ
အဲ့ဒါကို သဘာဝတရားရဲ့
ချစ်စရာကောင်းတဲ့ လှည့်ကွက်တစ်ခုလို့
သဘောထားလိုက်မယ် ဒါအမှန်တရားပဲ။
အမြဲတမ်း တန်ဖိုးထားတာ
သဘာဝရဲ့ အမှန်တရားတွေပါ...
သူ့မျက်နှာပေါ်က အလှတရားလေး
သက္ကရာဇ်တွေ ပြိုနေပေမယ့်
သူ့အပြုံးတွေက နုပျိုနေတာ
လန်းဆန်းနေတာ ဒါအမှန်တရားပါ။
လျှို့ဝှက်ချက်တွေနဲ့ ပြည့်နှက်နေတဲ့
ကမ္ဘာမြေရဲ့ တစ်နေရာမှာတော့
ဖြူစင်မှုတွေနဲ့ အနစ်နာခံပေးဆပ်သူတွေအတွက်
အမှန်တရားဆိုတဲ့ ရေသောက်မြစ်က
ထာဝရ အမြစ်တွယ်နေမှာပါ။
မဖြစ်နိုင်းဘူးဆိုတဲ့ စကားလုံး
ReplyDeleteဘယ်သူတွေကများ စသုံးခဲ့သလဲ........
လျှို့ဝှက်ချက်တွေနဲ့ ပြည့်နှက်နေတဲ့
ကမ္ဘာမြေရဲ့ တစ်နေရာမှာတော့
ဖြူစင်မှုတွေနဲ့ အနစ်နာခံပေးဆပ်သူတွေအတွက်
အမှန်တရားဆိုတဲ့ ရေသောက်မြစ်က
ထာဝရ အမြစ်တွယ်နေမှာပါ.............လေပြေချိုရဲ့
အရေးအသားကောင်းတဲ့ကဗျာလေးတွေကို စံပယ်ချို
လာရောက်ခံစားနေပါတယ်
ကောင်းလိုက်တဲ့ စာသားတွေ။
ReplyDeleteလာရောက်ဖတ်ခဲ့တယ် ညီမလေးရေ.
သီချင်းလေးလည်း ကောင်းတယ်။
အားပေးနေမယ်
လန်းလိုက်တဲ့စာသားတွေ
ReplyDelete“အမှန်တရားဆိုတဲ့ စကားလုံး
ReplyDeleteသိပ်သုံးပြန်ရင်လည်း
လူတစ်ကာမုန်းတာ ခံရတယ်တဲ့
တစ်ကယ်ပါပဲလား...” ... မှန်လိုက်တာ မမရာ ... :)