ပန်းနုရောင် ပါးပြင်ပေါ်
လေပြေတွေ တို့ထိတော့
ရှက်ပြုံးနဲ့ခေါင်းငုံ့စဉ်မှာ
ချိုသာတဲ့ အနမ်းတစ်ခုအဖြစ်
ငါ့အတွက်နင် ဖန်ဆင်းခဲ့တယ်။
ဝေးကွာလို့ လွမ်းနေတဲ့ငါ
အေးစက်တဲ့ ဒီညတွေမှာ
မိုးစက်တွေကို အဖေါ်ပြုရင်း
ချိုသာတဲ့ အတွေးတစ်ချို့ကြောင့်
လျှပ်တစ်ပြတ်အပြုံးလေးနဲ့
ရင်ခုန်လာခဲ့တယ်။
တေးဆိုတဲ့ ကျေးငှက်တို့ရဲ့
သံစဉ်ကို ကြားရပြန်တော့
ဆုံမှတ်မရှိတဲ့ ဘ၀နှစ်ခုအတွက်
ဒဏ်ရာတွေ ဗရပွနဲ့
(ဘာမှလဲမဆိုင်ပဲ)
ငါအရမ်းကို လွမ်းနေခဲ့တယ်။
ဝေဒနာတွေ ပျံသန်းလာကြ
လရောင်နွမ်းလျ ညတစ်ညမှာ
ကောင်းကင်ကို ငေးကြည့်ရင်း
ရင်ခုန်သံတွေလည်း
အေးစက်သွားမှာ စိုးမိပြန်တယ်။
နိုးတစ်ဝက် ညနက်တွေတိုင်း
ပြန့်ကျဲနေတဲ့ အိမ့်မက်တွေနဲ့
ဒီအလွမ်းညတွေကို ရင်ဆိုင်ခဲ့ရတာ
ငါ့ရင်တွေလည်း နာကျင်လှပါပြီး။
အိပ်မရတဲ့ ဒီညတွေဟာ
ငါ့အတွက်တော့ နတ်ဆိုးတစ်ပါးလား?
ခံစားချက်တွေ ညီမျှဖို့ကလည်း
နင်က... ငါ့ရဲ့ ဟိုး... အဝေးကြီးမှာ။
သစ်ရွက်ကြွေ မြေမှာခလည်း
အခမ်းနားဆုံး လွမ်းခြင်းတွေနဲ့
ငါ့ဘ၀ကို ပေးဆပ်ထားမယ်။
နေ့ရက်တွေ အချိန်တွေလည်း
ခပ်မြန်မြန် ကုန်ပါစေလို့
ဆုတောင်းရင်းနဲ့ပေါ့။
(၀ိုးတ၀ါး ခံစားချက်လေးပါ) :PP
သစ်ရွက်ကြွေ မြေမှာခလည်း
ReplyDeleteအခမ်းနားဆုံး လွမ်းခြင်းတွေနဲ့
ငါ့ဘ၀ကို ပေးဆပ်ထားမယ်။
နေ့ရက်တွေ အချိန်တွေလည်း
ခပ်မြန်မြန် ကုန်ပါစေလို့
ဆုတောင်းရင်းနဲ့ပေါ့။
ညလေးရေ ကဗျာလေးကောင်းလိုက်တာ
ဝေဒနာတွေ ပျံသန်းလာကြ
ReplyDeleteလရောင်နွမ်းလျ ညတစ်ညမှာ
ကောင်းကင်ကို ငေးကြည့်ရင်း
ရင်ခုန်သံတွေလည်း
အေးစက်သွားမှာ စိုးမိပြန်တယ်.............စကားလုံးလေးတွေလှတယ်ညီမရေ
ကဗျာလေးတွေ လက်စောင်းထက်နေတယ်.. ငါ့မမ.. အားပေးနေတယ်နော်.. မ .. :)
ReplyDelete