1. 1. 1.
Thursday, June 21, 2012
ဝါတွင်းကာလမှာ ဘာကြောင့် အိမ်မပြောင်းကောင်းလဲ...အိမ်ထောင်မပြုကောင်းလဲ
     ကျမဖတ်မိတဲ့ နန္ဒာမိုးကြယ်ရေးတဲ့ စာအုပ်ထဲက ဗဟုသုတ လေးပါ။ သိပြီးတဲ့သူတွေရှိသလို ကျမလိုပဲ အဲ့ဒါဘာ့ကြောင့်လဲလို့ သိချင်နေကြတဲ့ သူတွေလည်း ရှိကြအုံးမှာပါ။ အခုချိန်ကလည်း ၀ါဝင်တော့မှာဆိုတော့ ဒီပိုစ်လေးနဲ့လည်း ကိုက်ညီမှုရှိလို့ တင်ပေးလိုက်တာပါနော်....။
      ရှေးလူကြီးတွေက ၀ါတွင်းမှာ ငှက်များပင် အသိုက်မပြောင်းကြ၊ ဒါကြောင့် လူတွေလည်း အိမ်မပြောင်းသင့်ဟု ယူဆခဲ့ကြပါတယ်။ စင်စစ် ၀ါတွင်းဟူသည်မှာ မိုးတွင်းကာလဖြစ်နေသဖြင့် ငှက်များသည် မိုးကျခါနီးတွင်ပင် အသိုက်များကို သင့်တော်သည့်နေရာတွင် ပြုလုပ်ပြီးဖြစ်သဖြင့် ၀ါတွင်းရောက်လေသော်လည်း ပြောင်းရွေ့စရာ မလိုတော့ပေ။ လေကြီးမိုးကြီးထဲတွင်လည်း အသိုက်အသစ်တည်ဆောက်ရန် မလွယ်ကူပါ။
       ထိုနည်းတူစွာပင် ရှေးခေတ်အခြေအနေအရ မိုးတွင်းတွင် အိမ်သစ်ဆောက်လုပ်ရခြင်းမှာလည်း လေမိုးကြောင့် မလွယ်ကူနိုင်။ ထို့အပြင် မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးကို အဓိကထားသော နိုင်ငံဖြစ်သောကြောင့် ၀ါတွင်းကာလမှာ လူများက လယ်ယာလုပ်ငန်းခွင်များဖြင့် မအားလပ်နိုင်အောင်ဖြစ်ကြရသည်။ ၀ိုင်းဝန်းကူညီလုပ်ကိုင်ပေးမည့်သူလည်း ရှားပါးလှ၏။ ထိုသို့သောကြောင့် ၀ါတွင်းကာလမှာ လူမှုရေးကိစ္စများ၊ အထူးသဖြင့် အိမ်ဆောက်ခြင်း၊ အိမ်ပြောင်းခြင်း ရွှေ့ခြင်းကို တက်နိုင်သလောက် ရှောင်ကြခြင်းမှာ အခြေအနေကြောင့် ဖြစ်နိုင်ကောင်းပါသည်။
       နောက်တစ်မျိုးကတော့ ၀ါတွင်းကာ အိမ်ထောင်မပြုကောင်းခြင်းကို တင်ပြလိုပါတယ်။ အချို့သောပုဂ္ဂိုလ်များ၏ အဆိုအရ ဗိသ၁နိုးနတ်မင်းကြီးသည် ၀ါဆိုလပြည့်နေ့မှစပြီး တန်ဆောင်မုန်းလပြည့်နေ့အထိ အိပ်စက်သည်ဟုဆို၏။ ရှေးက၀ါဆိုလကို “နတ်လျှောင်းလ”ဟု ခေါ်ဝေါ်ပြီး တန်ဆောင်မုန်းလကို “နတ်နိုးလ” ဟု ခေါ်ဝေါ်ခဲ့ကြသည်။ ဗိသ၁နိုးနတ်မင်းကြီး အိပ်စက်နေသဖြင့် လောကီသဘောအရ ၀ါတွင်းတွင် ထိမ်းမြားမင်္ဂလာပွဲများကို နတ်မင်းကြီးက အသိအမှတ်မပြုဟု ဆို၏။ ထို့ကြောင့် လောကီသဘောအရ ၀ါတွင်းမှာ ထိမ်းမြားမင်္ဂလာမပြုကြဟု ဆိုရာရောက်ပေသည်။ ထို့ကြောင့် ထိမ်းမြားမင်္ဂလာပြုခြင်းကို တန်ဆောင်မုန်းလပြည့်နေ့အထိရှောင်မှ သဘာဝကြပေလိမ့်မည်ဖြစ်ပါသည်။
No comments:
Post a Comment