ဘ၀ဆိုတဲ့
လောကဇာတ်ခုံပေါ်မှာ
အတ္တခါးခါးတွေနဲ့
အရောင်ဆိုးထားတဲ့ နှလုံးသားက
မာယာမျိုးစုံ လွှမ်းခြုံထားပြီး
မသမာတဲ့ လှည့်ကွက်တွေသုံးလို့
စာနာခြင်းကင်းမဲ့စွာနဲ့
အပြစ်မရှိတဲ့ ငါ့အချစ်ကို လှည့်စားယူတယ်။
စည်းဝါးကျစွာ သီကျူးနေတဲ့
ငှက်ငယ်တွေရဲ့ တေးဆိုသံကို
ကြည်နူးစွာ နားဆင်တက်တဲ့
နှလုံးသားလေး မရှိရင်တောင်မှ
သဘာဝရဲ့ လှပမှုကို
နက်ရှိုင်းစွာ ပုံဖေါ်ထားတဲ့
ပန်းချီဆရာရဲ့ စုတ်ချက်တွေကို
လေးနက်စွာခံစားတက်တဲ့
ခံစားချက်တစ်ချို့တော့ ရှိသင့်တာပေါ့။
အတုအယောင်တွေကို မုန်းတီးလို့
အပြုသဘောဆောင်တဲ့ ချစ်မေတ္တာကို
ပစ်ခွာပြေးလို့ သွားခဲ့ရင်တော့
အသစ်ရှာချစ်တဲ့သူ တစ်ယောက်အတွက်
အပြစ်များမမြင်တဲ့ နှလုံးသားက
အလွမ်းများနဲ့ ရှင်သန်နေမယ်
နင်ပြန်လာတဲ့ နေ့အထိပေါ့။
No comments:
Post a Comment