1. 1. 1.

Tuesday, June 19, 2012

သံသရာလည်တယ်ဆိုတာ ကံအရှိန်ကြောင့်ဖြစ်တယ်

    မိမိတို့မှာရှိနေတဲ့ ကောင်းကံ၊ မကောင်းကံများ ရှင်းလင်းကုန်ပြတ် အကြွေးကျေအောင်ဆပ်နိုင်မှသာလျှင် နိဗာန်ကို ရမှာဖြစ်တယ်။ နိဗ်ဗာန်ရအောင် ကျင့်ကြံပွားများအားထုတ်တဲ့အလုပ်ဆိုတာ သံသရာတစ်လျှောက်ပြုခဲ့တဲ့ ကံတွေကိုရှင်းလင်းသုတ်သင်နေတဲ့အလုပ်၊ ကံကြွေးတွေစာရင်းဖြတ်နေတဲ့ အလုပ်လို့ဘောပေါက်ရပါမယ်။ အခုတရားအလုပ်ကို အားထုတ်တယ်ဆိုတာ အမှန်ပြောရရင် ကိုယ့်ကံကို ကိုယ်ပြုပြင်နေတဲ့သဘောပါပဲ။ မကောင်းတဲ့ကံတွေကို ပယ်ဖျောက်ပြီး ကောင်းတဲ့ကံတွေဖြစ်အောင် ကြိုးစားရသလို ကောင်းမကောင်းကံတွေ အသစ်တစ်ဖန်ထပ်မဖြစ်အောင် ကြိုးစားအားထုတ်နေကြတာပါ။ ဒီတော့ ပုံမှန်အားဖြင့် ကြည့်လိုက်ရင် သံသရာထဲမှာနေကြတဲ့ သူတွေ သံသရာလည်တယ်ဆိုတာ ဘာအရှိန်နဲ့လည်နေလဲဆိုရင် ကံအရှိန်ကြောင့်ပဲဖြစ်တယ်။ သံသရာာရိက္ခာရှိလို့ ဆိုရမယ့်ကံတွေဟာ သံသရာကြီးကို အဆက်မပြတ်လည်ပတ်နေအောင် အထောက်အပံ့ပေးနေတဲ့သဘောရှိတယ်။ သံသရာထဲက မထွက်နိုင်ဘူ၊း သံသရာဝဋ်က မကျွတ်နိုင်ဘူး၊ မလွတ်နိုင်ဘူးဆိုတာ ကံရိက္ခာတွေမကုန်လို့ ကံအရှိန်တွေ မသေလို့ဖြစ်တယ်။
      ရှိရင်းစွဲကံတွေအပြင် အသစ်ကံတွေပါ ထပ်ထပ်ပြီးစုဆောင်းနေတယ်၊ ဖြည့်ဆည်းနေတယ်ဆိုရင် ဒီသံသရာက မကျွတ်လွတ်နိုင်တော့ပါဘူး။ သံသရာလည်စေတာဟာ ဘယ်တရားလဲ၊ ဘယ်သူပြု့တဲ့တရားလဲဆိုရင် ကိုယ်ပြု့တဲ့ကံတွေပါပဲ။ ကိုယ်ပြုတဲ့ကံက ကောင်းမယ်ဆိုရင်တော့ ကောင်းတဲ့ပုံပန်းသဏ္ဍာန်၊ ကောင်းတဲ့အခြေအနေ၊ ကောင်းတဲ့အနေအထားနဲ့ သံသရာမှာ ကျင်လည်ရပါတယ်။ ကိုယ်ပြု့တဲ့ကံက မကောင်းဘူးဆိုရင်တော့ မကောင်းတဲ့အခြေအနေ၊ မကောင်းတဲ့အနေအထား အဆင့်အတန်းနဲ့ သံသရာမှာ ကျင်လည်ရတော့တယ်။ 
(အသိတစ်လုံး အမြတ်ဆုံး တစ်လုံးအသိအကျိုးရှိ၏။)
                                     ဓမ္မဒူတဒေါက်တာအရှင်ပညိသ၁ရ၏ “ဓမ္မလမ်းပေါ်မှာ”



                                ( ကုသိုလ်ကံ၊ အကုသိုလ် ကံအရှိန်ကြောင့် သံသရာလည်ပတ်နေပုံ )

No comments:

Post a Comment