1. 1. 1.

Monday, June 18, 2012

အသိတရားလေးတွေ ရှိစေချင်သည်

          ကျမက မြန်မာပြည်မှာမွေးပြီး မြန်မာနိုင်ငံကို ချစ်ခင်မြတ်နိုးတဲ့ မြန်မာမိန်းခလေးတစ်ယောက်ပါ။ ယဉ်ကျေးသိမ်မွေ့တဲ့ ဗုဒ္ဒဘာသာမြန်မာလူမျိုးပီပီ ရိုးသားသိမ်မွေ့တဲ့စိတ်ရင်းနဲ့ ရေးထားတဲ့ ဒီပိုစ်လေးကို ဖတ်မိတဲ့ သူငယ်ချင်းများ စိတ်အနှောင့်အယှက်ဖြစ်ခဲ့မယ်ဆိုရင် ခွင့်လွှတ်ပါလို့ ဦးစွာတောင်းပန်ပါရစေ။ လိုအပ်ချက်လေးများရှိခဲ့ရင်လည်း ဝေဖန်အကြံပေးနိုင်ပါတယ်ရှင်........။
     
          ကျမနေမကောင်းလို့ ဆေးရုံတက်ပြီးခွဲစိတ်ကုသမှုခံယူနေရတာနဲ့ စာမရေးဖြစ်တာတောင် ကြာသွားပြီပဲ.. နေမကောင်းတဲ့ အချိန်လေးမှာ စာမရေးဖြစ်ပေမယ့် မကြာခဏတော့ အွန်လိုင်းတက် စာဖတ်ဖြစ်ပါတယ်။ ကျမရဲ့ Facebook ကိုဖွင့်လိုက်တိုင်း တွေ့လိုက်ရတဲ့ မြင်ကွင်းတွေနဲ့ တက်လာတဲ့သတင်းတိုင်းလိုလိုဟာ အတော့်ကိုဆိုးဝါးအကျည်းတန်ပါတယ်။ အပြစ်မရှိတဲ့သူတစ်ချို့အတွက်လည်း စိတ်မကောင်းဖြစ်ရပါတယ်။ မရှုမလှခံစားသွားရတဲ့သူအတွက် အရမ်းကို ၀မ်းနည်းမိပါတယ်။ ကိုယ့်ရဲ့သွေးရင်းသားရင်းတစ်ယောက်လို ကိုယ်ချင်းစာ ခံစားမိတော့ ဖြေသိမ့်လို့မရအောင် ယူကျုံးမရဖြစ်ရပါတယ်။ ပုထုဇဉ်လူသားတစ်ယောက်မို့ တရားသဘောနဲ့တွေးကြည့်လို့ရပေမယ့် တစ်ကယ်လက်တွေ့မှာတော့မလွယ်ကူလှပါဘူး။ ဒီလိုလူမဆန်တဲ့ အပြုအမူမျိုးကို လုပ်ရက်တဲ့ အသိဥာဏ်မရှိတဲ့ အောက်တန်းကျတဲ့ တိရစ္ဆာန်ကောင်တွေကို အရမ်းမုန်းတီးမိတယ်။ ဒီလိုလူမဆန်တဲ့ လုပ်ရပ်ကြောင့် ကိုယ့်ရဲ့တိုင်းပြည် ဘယ်လောက်သိက္ခာကျရသလဲ? ကိုယ့်လူမျိုး အပြစ်မရှိတဲ့လူသားတစ်ချို့ ဘယ်လောက်နစ်နာဆုံးရှုံးခဲ့ရသလဲ? 
     
           အရာရာတိုင်းကို စဉ်းစားချင့်ချိန် သည်းခံခွင့်လွှတ်ပြီး တိုင်းသူပြည်သားတွေရဲ့ အနာဂါတ်သာယာလှပဖို့အတွက် မိမိနိုင်ငံတိုးတက်ဖို့အတွက် နိုင်ငံတစ်ကာရဲ့အလယ်မှာ မျက်နှာပန်းလှဖို့အတွက် မိမိအသက်ကိုတောင် ပဓာနမထားပဲ အားသွန်ခွန်စိုက် ကြိုးပမ်းနေသူကို အကူအညီမပေးရင်တောင်မှ အခုလိုမျိုးမနှောင့်ယှက်သင့်ပါဘူး။ အမှန်တစ်ကယ်တော့ ဒီအရိပ်မှာနေပြီး ဒီအခက်ကိုချိုးတဲ့ အောက်တန်းကျပြီး အသိတရားမရှိတဲ့ ဒီလိုလူမျိုးတွေ ရှိမနေသင့်တာ အမှန်ပါ။
     




           ဒီမြေမှာမွေး၊ ဒီမြေမှာကြီးပြီး ဒီရေကိုသောက်သုံးနေတဲ့ ဘယ်လိုလူမျိုးဘာသာပဲဖြစ်ဖြစ် လူမှန်ရင်တော့ အသိနဲ့သတိဆိုတာကို လက်ကိုင်ထားရမှာပဲပေါ့။ ဘာသာတရားကိုးကွယ်မှုတွေမှာ ကွာခြားသွားပေမယ့် လူတစ်ယောက်ရယ်လို့ဖြစ်လာပြီဆိုရင်တော့ လောကကြီးကလက်ခံဖို့နဲ့ လူပီသဖို့အတွက် အနည်းဆုံးတော့ အသိတရားလေးရှိထားဖို့ အရေးကြီးတယ်ဆိုတာတော့ နားလည်လက်ခံရမှာပေါ့။ ဘယ်ဘာသာတရားကို ကိုးကွယ်တဲ့သူဖြစ်ဖြစ် ကိုယ်ကိုးကွယ်တဲ့ ဘာသာကို အလေးအနက်ထား တန်ဖိုးထားတက်ကြပါတယ်။ ကံကံ၏အကျိုးကို လက်ကိုင်ထားပြီး အသိနဲ့ သတိကို အမြဲနှလုံးသွင်းတက်ရင်တော့ လူပီသတဲ့ လူသားတစ်ယောက်အဖြစ် လောကကြီးက ကောင်းမွန်စွာလက်ခံထားမှာ ပဲလေ။ အဲ့ဒီအတွက်လည်း အရာရာကို စဉ်းစားချင့်ချိန်တက်ပြီး ဘယ်လိုအမှားမှ ရှိလာနိုင်မှာမဟုတ်ပါဘူး။
     
          အခြေအနေ အယူအဆနဲ့ အယူဝါဒတွေသာ ကွဲပြားသွားကြမယ်၊ ဒီနိုင်ငံမှာနေပြီး ဒီနိုင်ငံရဲ့အရိပ်ကို ခိုလှုံနေကြတဲ့ လူသားတိုင်းဟာ ဒီနိုင်ငံကမွေးဖွားလိုက်တဲ့ ညီအကိုမောင်နှမတွေပါပဲ။ လောကကြီးက လူသန်းပေါင်းများစွာကို တစ်ဦးနဲ့တစ်ဦး မတူညီအောင် မွေးထုတ်ပေးထားပါတယ်။ အဲ့လိုပဲ တစ်ယောက်နှင့်တစ်ယောက်ဟာ စိတ်ထားခြင်းမတူသလို အခြေခံသဘောသဘာဝအားဖြင့်လည်း မတူကွဲပြား ခြားနားကြပါတယ်။ ဆင်ခြင်ဥာဏ်အသိတရား လုံးဝမရှိတဲ့ လူနည်းစုကြောင့် အပြစ်မရှိတဲ့ လူအများစုက ဒုက္ခပင်လယ်ဝေရတာဟာ မဖြစ်သင့်တဲ့ အရာတွေပါပဲလေ။ အခုဆိုလည်း အောက်တန်းကျပြီး အသိဥာဏ်မရှိတဲ့ သတ္တ၀ါတစ်ချို့က သူ့စရိတ်နဲ့သူ ဇာတ်သိမ်းသွားကြပါပြီး။
    
           သက်ရှိသတ္တ၀ါတွေထဲကမှ အသိဥာဏ်အမြင့်မားဆုံးဟာ လူသားတွေပါ။ အသိတစ်လုံးလက်ကိုင်သုံးတော့ အမှားဘယ်ခါရှိလိမ့်နည်းလို့တောင် ဆိုထားသေးတာပဲ။ အဲ့ဒီမှာမှ အသိဥာဏ်မရှိလို့ မိမိစိတ်ကိုအလိုလိုက်ပြီး  အောက်တန်းကျတဲ့သူတွေအနည်းငယ်တော့ ရှိမှာပါပဲလေ။ ဒါပေမယ့် တရားမျှတတဲ့ လောကကြီးက ထိုသူတွေကို ကောင်းမွန်စွာ ရေရှည်ရပ်တည်ခွင့်တော့ ပေးမထားပါဘူး။ သူ့အကုသိုလ်နဲ့သူပေါ့။ သူ့အရိပ်က သူ့နောက်လိုက်သွားတာပါပဲ။ 
     




          ကံကံ၏အကျိုးကို ယုံကြည်သက်ဝင်တဲ့ ဗုဒ္ဒဘာသာ မြန်မာလူမျိုးများဟာ ကိုယ့်လူမျိုးကိုယ်ချစ်သလို တရားမျှတတဲ့ ဘာသာတရားကိုလည်း လေးစားမြတ်နိုး တန်ဖိုးထား ကိုးကွယ်ကြပါတယ်။ တိုင်းရင်းသားလူမျိုးတို့ရဲ့ တွဲလက်တွေညီနေမှသာလျှင် တိုင်းပြည်ကြီးလျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်နိုင်မှာပါ။ ဖြစ်ပြီးသွားတဲ့ အဖြစ်အပျက်တွေအတွက် တရားခံတွေကတော့ သူတို့ပြုခဲ့တဲ့ အကုသိုလ်တွေက သူတို့ကို ကောင်းကောင်းကြီးကို ပြန်ပြီးခံစားစေမှာပါ။ 
     
           


           အခုလို အမှောင့် ပယောဂတွေကို အမြန်ဆုံးစဉ်းစားဖြေရှင်းပြီး တိုင်းပြည်နဲ့လူမျိုးကောင်းစားဖို့အတွက် သက်စွန့်စံဖျား ကြိုးစားနေတဲ့ ကျမတို့ချစ်ခင်လေးစားတဲ့သူ့ကို မိမိတို့တက်နိုင်တဲ့ တထောင့်တစ်နေရာကနေ ၀ိုင်းဝန်းကူညီပြီး အသိတရားလက်ကိုင်ထားလို့ သတိလေးနဲ့ ဆင်ခြင်ပြီး ကြိုးစားနေထိုင်သွားကြမယ်ဆိုရင် ရှေ့ဆောင်လမ်းပြ ကြိုးစားတဲ့သူလည်း ခွန်အားတွေပိုရှိလာနိုင်သလို မိမိတို့ချစ်တဲ့ အမိမြန်မာနိုင်ငံတော်ကြီးလည်း အမြန်ဖွံ့ဖြိုးတိုးတက် သာယာလာမှာ မလွဲမသွေပါပဲ....။ 

No comments:

Post a Comment