1. 1. 1.

Thursday, May 31, 2012

မေတ္တာကမ္ဘာ

လောကတစ်ခွင် ကမ္ဘာမြေပြင်ကို
မေတ္တာဝေ နှလုံးသားများ
လွှမ်းခြုံထားတဲ့ နေရာအဖြစ်
ထားရစ်စေချင်။

သဘာဝက 
အလှတရားကို စီရင်ဖန်
ဆက်ဆံရေး အနှစ်သာရ
အဓိက ရိုးဖြောင့်မှုပင်။

အကြင်နာတရားက
နှလုံးသားမှာ အခြေခံ
အမုန်းတရားကို တိုက်ဖျက်
လောဘကို ဖြိုခွင်း
အကြမ်းဖက်မှုကို အောင်မြင်
အေးအတူပူအမျှ ရှိစေချင်။

ဆက်သွယ် ပေါင်းသင်းထား
မေတ္တာ ပေါင်းကူးတံတား
လူသားချင်း တစ်ဦးနှင့်တစ်ဦး
ချစ်ကြည်နူး အရေးထား
လေးစားဖို့ပင်။

အနာဂါတ် ကမ္ဘာမှာ
အမှတ်တင်စရာ ထားရစ်စေဖို့
တစ်ဦးက တစ်ဦးကို
ဗြဟ္မစိုရ် မေတ္တာထား
နှလုံးသားများ လှပစေဖို့။
 

No comments:

Post a Comment