ဘ၀များစွာ သံသရာမှာ
ကံကြွေး ၀ဋ်ကြွေး
ကုဋေ ကုဋာကို
ခန္ဒာနှင့် ပေးဆပ်
အသွေးနှင့်ဆပ်
ပခုံးနှင့် ထမ်းဆပ်
တုံထမ်းပြီးလည်း ကံကြွေးဟောင်းတွေကို
ကြေလည်အောင် ဆပ်ကြရတယ်။
သြော်.. ပုထုဇဉ်
မမြင် မျက်ကန်း
သံသရာ အဆင်းလမ်းမှာ
စမ်းတ၀ါးဝါး
သွားနေလိုက်တာ
ရှေ့မှာက ဘ၀ချောက်
မက်စောက်သော်လည်း
သူကမှမမြင်တော့
ခြေချော်ပြီး ချောက်ကျတာ
မဆန်းဘူး ထင်ပါရဲ့။
လဲမှနာ နာမှသိ
မချိမဆန့် ထိန့်လန့်တော့မှ
လူးလွန့်ထူထ ဖုန်ခါချပြီး
ရှေ့မှာမြင်ရ
မှုန်ပြပြ အဆင်းလမ်းကို
အတက်လမ်းထင်
မှန်းဆ လျှောက်ပြန်တော့
နောက်ဘ၀တစ်ခါ
ချောက်ကျရပြန်တာပေါ့။
ကံလမ်းပေါ်မှာ
ပုထုဇဉ် သူ့ခမျာ
ဘ၀ပေါင်းများစွာ
လျှောက်ခဲ့ပြီးပါလျက်
အတက်လမ်းပေါ် သူမရောက်
ချောက်ပြီးရင်း ချောက်ကျကာသာ
ကာလများစွာ ကြာခဲ့ပါပြီလေ။
No comments:
Post a Comment