1. 1. 1.

Tuesday, April 24, 2012

အလင်းပေးသူ(ဘ၀ရဲ့ပဲ့ကိုင်ရှင်)


အနာဂါတ်လေး လှပစေဖို့
အသိဥာဏ်တစ်ချို့ မေမေပေးလို့
ဆုံးဖြတ်ချက်တို့ မှန်ခဲ့တယ်။

ဘ၀ကို မယိုင်လဲစေဖို့
မေမေ့အပြုံးနဲ့ ဖေးကာကူလို့
ရပ်တည်ခဲ့တယ်။

လောဓံကို အရှုံးမပေးဖို့
မေမေ့လက်တစ်စုံက ကာကွယ်လို့
အား ဖြစ်ခဲ့တယ်။

ခရီးလမ်းတွေ ဖြောင့်ဖြူးစေဖို့
အလင်းရောင်လေး မေမေပေးလို့
လမ်းပြခဲ့တယ်။

ဘ၀ကလေး ခမ်းနားစေဖို့
မေမေ့အသည်းနှလုံး ယူသုံးလို့
အမြဲပြုံးခဲ့တယ်။

ဂရုဏာတရား ပွားတက်စေဖို့
နူးညံ့မှုတွေ မေမေပေးလို့
စိတ်ထားကလေး လှခဲ့တယ်။

ဒီသံသရာမှ လွတ်မြောက်စေဖို့
သစ္စာတရာများ မေမေပြောလို့
နှလုံးအေးခဲ့တယ်။

ကိုယ်ချင်းစာတရား ထားတက်စေဖို့
မေတ္တာစကားများ မေမေပြောလို့
ဆုံးမခဲ့တယ်။

သောကအပူတွေ ကင်းဝေးစေဖို့
မေမေ့ရင်မှာ အပြေးလေးခိုလို့
အေးချမ်းခဲ့တယ်။
 

1 comment: