1. 1. 1.

Saturday, April 21, 2012

ပဋိပက္ခ

ကဗျာဆန်တဲ့ အသွေးအရောင်တွေနဲ့
ကမ္ဘာကြီးကို မွမ်းမံချင်တဲ့
စိတ်ကူးတစ်ချို့ ရှိခဲ့ပေမယ့်
သူတို့တွေ အတောင်ပံတပ်
ပျံသန်းလို့ သွားကြတယ်ကွယ်...
ငါ့ရင်ထဲမှာနေရတာ မွန်းကြပ်လို့တဲ့..။

ပန်းနုရောင် တိမ်တိုက်တွေနဲ့
ခံစားချက်တွေ အသက်ဝင်တဲ့
စိတ်ကူးတစ်ချို့ ရှိခဲ့ပေမယ့်
ရင်ခုန်သံတွေ လျှပ်တပြတ်
ငါ့အနားက ပြေးထွက်ကြတယ်...
နှလုံးသားလေး မောပမ်းလို့တဲ့..။

နူးညံ့တဲ့ အသုံးအနှုန်းတွေနဲ့
မရပ်မနား ရေးနေချင်တဲ့
စိတ်ကူးတစ်ချို့ ရှိခဲ့ပေမယ့်
လက်တစ်စုံက မခံမရပ်
ကတ်သက်လို့ ပြောကြတယ်ကွယ်...
အရမ်းကို ညောင်းနေလို့တဲ့..။

 မြူနှင်းတွေ တဖွဲဖွဲကြားထဲ
Angle တစ်ပါးလို တစ်အားလှချင်တဲ့
စိတ်ကူးတစ်ချို့ ရှိခဲ့ပေမယ့်
လက်တွေ့ဆန်ဆန် စမ်းသပ်
အသွေးအသားက ကန့်ကွက်တယ်ကွယ်...
ခိုက်ခိုက်တုန်အောင် ချမ်းအေလို့တဲ့..။

ပဉ္စလက်မီးအိမ်လို အလင်းရောင်တွေနဲ့
ရောင်စုံခြယ်ကာ တောက်ပချင်တဲ့
စိတ်ကူးတစ်ချို့ ရှိခဲ့ပေမယ့်
ဇရာဆိုတာ ၀င်နှောက်
ဦးနှောက်က သတိပေးတယ်ကွယ်...
မကြာခင် ရိပ်သာ(တရားစခန်း) ၀င်တော့တဲ့...။

No comments:

Post a Comment