1. 1. 1.

Thursday, April 19, 2012

ကျမချစ်သူ

ကြင်နာစွာ ဖေးကူတက်တာ
ချစ်စရာ့ မနောလေအလား
ဂရုဏာခွန်အား ကြီးမားစေတာ
ကျမချစ်သူပါ..။

ညင်သာစွာ ပြောဆိုတက်တာ
ငှက်လေးတွေရဲ့ တေးဆိုသံအလား
ရွှေနာဝင်မှာ ချိုသာစေတာ
ကျမချစ်သူပါ..။

ဖြူစင်စွာ ခင်တွယ်တက်တာ
မြူနှင်းမှုံ လေးတွေအလား
ရင်မှာအစဉ်သာ အေးချမ်းစေတာ
ကျမချစ်သူပါ..။

ကြယ်စင်လေးလို လင်းလက်စေတာ
ဘ၀ရဲ့ ရောင်စဉ်လေအလား
လရိပ်လေးလို အေးမြစေတာ
ကျမချစ်သူပါ..။

နွေးထွေးမှုတွေ အစဉ်အမြဲပေးတာ
အာရုံဦးရဲ့ အလင်းရောင်လေအလား
အတွေးဘ၀င်ကို ချမ်းမြေ့စေတာ
ကျမချစ်သူပါ..။

နံနက်ခင်းတိုင်ကို အသက်ဝင်စေတာ
နူးညံ့တဲ့ ကဗျာလေအလား
ကာရန်တိုင်းကို လှပစေတာ
ကျမချစ်သူပါ..။

မိုးကောင်းကင်နဲ့ မြေပြင်တွေလို
မိုင်ပေါင်းကုဋေ ဝေးနေပါစေ
နှလုံးသားချင်း ဆက်သွယ်ထားတယ်။

ဖြတ်မရတဲ့ သံယောဇဉ်တွေနဲ့
မေတ္တာတရားရဲ့ စွမ်းအားကြောင့်
ခံစားချက်တိုင်းမှာ အသက်ဝင်ကာ
ရင်ခုန်သံ စည်းချက်တွေက
ဟန်ချက်ညီညီကခုန်လို့
လှပခဲ့တယ်...။

မှတ်ချက်။   ။သူငယ်ချင်းတစ်ယောက်ရဲ့ ခံစားချက်တွေနဲ့ ကျမကြိုက်တဲ့ ဒီပုံလေးကြောင့် ကဗျာတစ်ပုဒ် ဖြစ်လာခဲ့တယ်....။

No comments:

Post a Comment