1. 1. 1.

Wednesday, April 18, 2012

မေ့လိုက်တော့မယ်

ရင်တွေကွဲအက်
အသည်းပေါက်မတက် ချစ်ခဲ့လည်း
ဖြေသိမ့်မရတဲ့ ဝေဒနာတွေအတွက်
နာကျည်းမှုတွေ ရင်မှာပိုက်
ရူးမိုက်ခဲ့တယ်...။

အမုန်းတစ်ခုကြောင့်
အနားရောက်လာတဲ့ အမှားတစ်ခုကို
မမြင်ချင်ယောင် ရှောင်လွှဲချင်ပေမယ့်
ပြင်းထန်တဲ့ ညှိုးချက်တွေကို
တားမရခဲ့တယ်...။

မလွမ်းတော့ဘူးလေ
မေ့ပစ်နိုင်အောင် ငါကြိုးစားမယ်...။

မဆွေးတော့ဘူးလေ
နှလုံးသားလေးကို ငါတားဆီးမယ်...။

မငိုတော့ဘူးလေ
မျက်ဝန်းတစ်စုံကို ငါထိန်းချုပ်မယ်...။

မချစ်တော့ဘူးလေ
မင်းအကြောင်းတွေကို မေ့လိုက်တော့မယ်...။

လည်ပြန်ကာ မကြည့်တော့ဘူးလို့
ငါ့စိတ်ကို မာန်တင်း
နှလုံးသားက နာကျင်နေလည်း
ဒီဝေဒနာကို အပြုံးယဲ့ယဲ့နဲ့ခြယ်ကာသ
နင်မမြင်အောင် ကျောခိုင်းလို့
နှုတ်ဆိတ်ကာ သွားတော့မယ်
နေရစ်ခဲ့တော့ကွယ်...။

No comments:

Post a Comment