ဘ၀မှာ လိုချင်တာတွေ ဆုံးရှုံးခဲ့တော့ ဖြစ်တည်မှုဆိုတာလည်း ငါမတမ်းမက်တော့ပါဘူး.. ငါ့မနက်တိုင်းမှာ ငါ့မျက်ဝန်းမှာ မျှော်လင့်ချက်တွေ ကင်းမဲ့လို့ ငါ့ကဗျာလေးတွေလည်း ကာရံမဲ့ခဲ့ရပြီ...
သွေးမတိတ်သေးတဲ့ အတိတ်တွေက ဘာမှ ပြန်တွေးချင်စရာ မကောင်းတော့ ခိုးအငွေ့တွေအဖြစ်နဲ့ လေမှာ ကွယ်ပျောက်သွားရင် သိပ်ကောင်းမှာပဲနော်..
ရာသီတွေလည်းပြောင်းခဲ့ပါပြီး ဒါပေမယ့်နှလုံသားလေးက အရင်အတိုင်း မပြောင်းလဲခဲ့ပါဘူး.. သစ်ရွက်ကြွေတွေနဲ့အတူ မျက်ရည်တွေလည်း ဝေခဲ့ရတယ်...
ပင်စည်ရှိလို့ သစ်ရွက်တွေကြွေတာ မထူးဆန်းပါဘူး.. ပင်စည်မရှိပဲနဲ့ ကြယ်တွေက ဘာလို့ ကြွေရတာလဲ...တိမ်တွေကို ငေးကြည့်တော့လည်း တရွေးရွေနဲ့...
မျှော်လင့်ခြင်းတွေ ခြောက်သွေ့လို့ ငါ့မျက်လုံးတွေကို မျက်ရည်တွေက အဖေါ်ပြုနေတယ်.. ညိုမှိုင်းနေတဲ့ ငါ့စိတ်လွင်ပြင်လည်း ဦးတည်ရာမဲ့လို့ပေါ့....
ရင်ခုန်သံတွေ တိတ်ဆိတ်လို့ ဖိတ်ကျခဲ့တဲ့ မျက်ရည်တွေက နှောင်းခဲ့တဲ့ အတိတ်ဆိုးတွေကို တိတ်ဆိတ်စွာ ဖယ်ရှားပေးရင် သိပ်ကောင်းမှာပဲလို့ တွေးနေမိတယ်...
အချိန်တွေက ငါ့အတွက်တော့ တန်ဖိုးမဲ့စွာ ကုန်ဆုံးနေရတဲ့ နေ့ရက်တွေနဲ့အတူ သုတ်မနိုင်တဲ့ မျက်ရည်တွေက အတိတ်ရဲ့ မှားယွင်းမှုတွေကို မပြုပြင်ပေးနိုင်ခဲ့ဘူး...
No comments:
Post a Comment