နှစ်ချို့နေတဲ့ နှစ်၊ လ၊ ရက်တွေမှာ.. အတိတ်ကို လည်ပြန်ကြည့်တဲ့အခါ ရခဲ့ဘူးတဲ့ ဘ၀ရဲ့ ရသတွေက ...မလှပခဲ့ပါဘူး။။။
ငှက်ကလေးရေ...
ဖုန်တက်နေတဲ့ နှလုံးသားကို .. စာနာမိလို့ သစ္စာတရားဖွေရှာကြည့်တော့.. သံယောဇဉ်က ရှားပါးနေပြီလေ..။ အစစ်အမှန်ဆိုတာက မရေရာတော့.. သေချာတာက ငါ...နေသားကျနေခဲ့ပါပြီ။။။
ငှက်ကလေးရေ...
ဖန်လာတဲ့ ကံကြမ္မာကို လွန်ဆန်လို့မှမရတာလေ...။ ကုန်လွန်သွားတဲ့ အချိန်တွေကို နှမြောတသ ဖြစ်နေရင်လည်း ပြန်မှမရနိုင်တာ...။ ကြားနေဆဲ သူ့ရယ်သံကို တမ်းတလို့ အချစ်တစ်ချို့ကိုလည်း ပုံဖေါ်မနေချင်တော့ပါဘူး။။။
ငှက်ကလေးရေ...
ငါ့ရင်ထဲက ရိုးမြေကျဆိုတဲ့..ဝေါဟာရက.. သမုဒယလေးလို နှောင်ဖွဲ့၊ အသွေးအသားမှာမှတ်ပုံတင်၊ ပမထ၀ီမြေပြင်ကြီး ဆွေးသွားလေသည်အထိ.. ခိုင်မြဲစွာ သစ္စာရှိနေမှာပါ။။။
ငှက်ကလေးရေ...
အနာဂါတ်ကို အလေးအနက်ထားလို့ မိနစ်တိုင်းကို လှပါရစေ...
မနက်ဖြန်တွေကို တန်ဖိုးထားလို့ ငှက်ကလေးလို ပျံသန်းပါရစေ...
မနက်ဖြန်တွေကို တန်ဖိုးထားလို့ ငှက်ကလေးလို ပျံသန်းပါရစေ...
ပစ္စုပန်ကို အကောင်းဆုံးတွေးလို့ ဘ၀လေးလည်း ချမ်းမြေ့ပါရစေ...
ဒါကြောင့် ငှက်ကလေးရေ
မိုးရွာတိုင်းလည်း မလွမ်းတော့ပါဘူး..။ နှင်းဝေတိုင်းလည်း မဆွေးတော့ပါဘူး..။ ကြယ်ကြွေတိုင်းလည်း မငေးတော့ပါဘူး..။ အမုန်းသစ်ပင်တွေလည်း မပျိုးတော့ပါဘူး..။
ဂန္ဒ၀င်မြောက်တဲ့ ရိုးဖြောင့်မှုကို ရင်မှာစုလို့...... ငှက်ကလေးသို့....~~~~~~။
No comments:
Post a Comment