1. 1. 1.

Sunday, March 18, 2012

အတ္တ တစ်ချို့

တစ်ခါတစ်ခါ
အချစ်ကို ကိုးကွယ်ဖို့
အသွေးအသားကို စေခိုင်းသော်လည်း
မလွမ်းတက်တဲ့ ငါ့နှလုံးသားကို
မုန်းမိတယ်...။

တစ်ခါတစ်ခါ
ငါ့ဘ၀အတွက် အချစ်တွေက
အရေးပါတဲ့အရာ မဟုတ်လေတော့
မခံစားတက်တဲ့ ငါ့နှလုံးသားကို
မုန်းမိတယ်...။

တစ်ခါတစ်ခါ
ချိုမြိန်တဲ့ အချစ်တွေကို
ရေကြည်တစ်ခွက်လို သောက်သုံးချင်ပေမယ့်
အချစ်မဆန်တဲ့ ငါ့အချစ်တွေကို
မုန်းမိတယ်...။

တစ်ခါတစ်ခါ
အတောင်စုံတဲ့ ငှက်လေးလိုပေါ့

လွတ်လပ်စွာ ပျံသန်းချင်ပေမယ့်
လက်တွေ့ကျကျ ရင်ဆိုင်နေရတဲ့
ငါ့ဘ၀ကို မုန်းမိတယ်..။

ဒါပေမယ့်လည်း
ငါလေ......
နှလုံးသားကို မေတ္တာထားလို့
ခိုင်မြဲတဲ့ သံယောဇဉ်နဲ့
စစ်မှန်တဲ့ မေတ္တာတရားတော့
တစ်ခါတစ်လေမှာ တောင့်တမိတယ်.....။

No comments:

Post a Comment