1. 1. 1.

Friday, March 16, 2012

ရိုးမသွားတာက ရိုးသားတာပါ

လောကကြီးမှာ
ထူးဆန်းတဲ့ အရာဝတ္ထုတွေ
ဆန်းကြယ်တဲ့ အတွေးအခေါ်တွေနဲ့
ဆန်းပြားတဲ့ နေရာဒေသတွေက
အချိန်ဆိုတဲ့ နိယာမသဘောတရားရဲ့
တိုက်စားမှုအောက်မှာ
တဖြည်းဖြည်းနဲ့
မှေးမှိန်ပျောက်ကွယ် ရတာပဲလေ။

အမှန်တစ်ကယ်တော့
မဆန်းပြားပဲ ဘယ်သောအခါမှ
ပျောက်ကွယ် မသွားနိုင်တဲ့
အရာတွေက                 
ရိုးရှင်းတဲ့ အရာဝတ္ထုတွေ
ရိုးသားတဲ့ အတွေးအခေါ်တွေနဲ့
စိမ်းလန်းစိုပြေတဲ့ လွင်ပြင်ရိုင်းတွေရဲ့
သဘာဝလေးတွေပါပဲ။

No comments:

Post a Comment