ရင်ခုန်ခြင်းကိုပဲ မသိကျိုးကျွန်ပြုမိတာလား...။
မချစ်ချင် တော့တာပဲလား
ချစ်ခြင်းကိုပဲ အသိအမှတ် မပြုမိတာများလား...။
မလွမ်းရဲတာပဲလား
လွမ်းဆွတ်ခြင်းကိုပဲ မုန်းတီးနေမိတာလား...။
နှလုံးသားက တည်ငြိမ်နေတာများလား
နှလုံးသားကိုပဲ ထိန်းချုပ်ထားမိတာလား...။
မျှော်လင့်ခြင်းတွေ မရှိတော့တာပဲလား
သတိမရတော့ တာပဲလား
သတိရခြင်းတွေကိုပဲ ပိတ်ပင်မိတာလား...။
မရည်ရွယ်ပေမယ့်
အတူလျှောက်ဖြစ်ခဲ့တဲ့ လမ်းတွေရှိသလို
ခံစားချက်တွေ ပြည့်နှက်နေပေမယ့်
ခံစားချက်တွေ ပြည့်နှက်နေပေမယ့်
မပြောဖြစ်ခဲ့တဲ့ စကားလုံးတွေရှိခဲ့တယ်...။
ဖွင့်ဟဖို့ စိတ်ကူးခဲ့ပေမယ့်
မျိုသိပ်မိသွားတဲ့ အနေအထားတွေရှိခဲ့တယ်...။
ငါ့ကိုယ်ငါ မပွင့်လင်းသမျှတော့
ငါကိုယ်တိုင်ပျိုးခဲ့တဲ့ ဝေဒနာပန်းတွေက
ငါ့နှလုံးသား နံရံတစ်လျှောက်မှာ
အလေ့ကျ ပင်ပေါက်လေးတွေလို
ရှင်သန်နေဦးမှာပါပဲလေ...။
No comments:
Post a Comment