
အချိုးအကွေ့တိုင်း ပြောင်းလဲနေတာမို့
ဖန်လာမယ့် ကံကြမ္မာကို
ရင်ဆိုင်ကာကျာ်ဖြတ် အောင်နိုင်သူဖြစ်ရမယ်။
သဘာဝရဲ့ အန္တရာယ်တွေ
ချိန်ခါမရွေး ကျရောက်နိုင်တာမို့
ကိုယ့်အိမ်ငယ်လေး လုံခြုံဖို့
အကောင်းဆုံး လက်တစ်စုံနဲ့
ကာကွယ်နိုင်ရမယ်။
ကိုယ့်အိမ်လေးကို
ကိုယ်ကိုယ်တိုင် ဒီဇိုင်းဆွဲလို့
ကိုယ်ကိုယ်တိုင်ပြုပြင်ကာ
အလှပဆုံး ဆေးစက်တွေနဲ့
အခမ်းနားဆုံး ဖြစ်စေရမယ်။
တစ်ခါတစ်လေမှာ
လောကဓံမုန်တိုင်း ထန်ပေမယ့်
အရိုးသားဆုံး စွမ်းအားတွေနဲ့
ရသလေးတစ်ခုလို မှတ်ယူကာ
အနိုင်မခံအရှုံးမပေး ရင်ဆိုင်နိုင်ရမယ်။
မျှော်လင့်ချက် လင်းရောင်ခြည်က
ဘ၀အတွက် အားဆေးပဲမို့
အလင်းရောင်များနဲ့ အနာဂါတ်ကို
ရဲဝံ့စွာလျှောက်လှမ်း
ပန်းတိုင်သို့ ရောက်ရမယ်။
No comments:
Post a Comment