1. 1. 1.

Sunday, February 12, 2012

ငါ့ရဲ့နေ့တွေ ညတွေ

အိမ်မက်တွေကို ဖြစ်စေခဲ့တဲ့
နားဝင်ပီယံ ဂီတသံနဲ့
ရုတ်တရက် နိုးထလာတဲ့
ငါ့ရဲ့ နေ့တွေကို.....။

ငါ့နှလုံးသားကို လင်းလက်စေတဲ့
မြင့်မြတ်တဲ့ စွမ်းအားတစ်ခုလို
ငါ့ဝိညာဉ်မှာ အမြဲရှိနေမယ့်
ငါ့ရဲ့ ညတွေကို.....။

ပျော်ရွှင်မှုတို့ ဝေဟင်ထက်သို့
ပျံသန်းသွားသလို စိတ်နှလုံးကို
ဖန်တီးပေးတဲ့ အာရုံဦးနဲ့
ငါ့ရဲ့ နေ့တွေကို.....။
လင်းလက်နေတဲ့ ကောင်းကင်ထက်က
တောက်ပနေတဲ့ ကြယ်လေးတွေလို
ပို့ဆောင်ပေးမယ့် ကောင်းကင်ဘုံကို
ငါ့ရဲ့ ညတွေကို.....။

အေးမြမေတ္တာ ထာဝစဉ်သာ
နှလုံးသားသို့ သက်ရောက်စေတာ
ချိုမြိန်သုခ မေတ္တာရယ်နဲ့
မွန်မြတ်သန့်စင် လွှမ်းခြုံရစ်တဲ့
လမင်းတစ်စင်းလို နင့်ရဲ့အချစ်တွေကို.....။

No comments:

Post a Comment