1. 1. 1.

Wednesday, February 8, 2012

ကျမမုန်းတဲ့ နေ့တစ်နေ့

     သိတက်စအရွယ်ကတည်းက အရမ်းကြောက်ခဲ့တာ၊ ပတ်ဝန်းကျင်မှာလည်း မကြာခဏ အဲ့ဒီအကြောင်းတွေကို ကြားနေရတော့ ထိန့်လန့်နေခဲ့တာ။ တစ်ယောက်ယောက်က နာကျင်ခံစားနေတာ မြင်တွေ့ရရင် ကိုယ်တိုင်ခံစားနေရသလို ကြေကွဲခဲ့ရတာ။ အချိန်တန်လို့ ငါကိုတိုင်

ဘ၀ခရီးကို လျှောက်လှမ်းရတော့မယ်ဆိုရင် ဘယ်တော့မှ အဲ့လိုမဖြစ်စေရဘူး၊ အဖြစ်လဲမခံနိုင်းဘူး၊ အကောင်းဆုံးတွေပဲ ဖြစ်စေရမယ်လို့ ကိုယ့်ကိုကိုယ်ယုံကြည်မှု အပြည့်အ၀ရှိခဲ့တာ။ ဒါပေမယ့် တစ်ကယ်တန်း ကျမ ယုံကြည်ထားသလို ဖြစ်မလာခဲ့ပါဘူး။  အမှတ်သည်းချေကြီးတဲ့ကျမအတွက် ကံကြမ္မာက ကောင်းကောင်းကြီး ရက်စက်ခဲ့တယ်။ ပိုဆိုးတာတစ်ခုက လောကကြီးမှာ ချစ်သူတွေအတွက် ပျော်စရာအဖြစ် ဖန်ဆင်းပေးထားတဲ့ အခုလို ချစ်သူများနေ့မှာမှ ကျမဘ၀ရဲ့ ကောင်းကင်ကြီး ပျိုကျပျက်စီးသွားသလို၊ အရှင်လတ်လတ်ကြီး သေဆုံးသွားရသလို၊ ငယ်ထိပ်တည့်တည့်ကို မိုးကြိုးကြီးပစ်ချလိုက်သလို အရမ်းကို နာကျင်ခဲ့ရတယ်။ ရင်ထဲမှာ သေရာပါဒဏ်ရာ ရသွားခဲ့တယ်။ မသေယုံတမယ်ပဲ ကျမခံစားလိုက်ရတာ။ ဘယ်သူနဲ့မှ အစားမထိုးနိုင်တဲ့ ချစ်ခြင်းမေတ္တာစစ်စစ်တွေ ကျမဆီမှာ ရှိတယ်ဆိုတာ သူမသိလို့လား၊ အရာရာကို စွန့်လွှတ်ပြီး ချစ်ရဲတဲ့ သတ္တိထူးတွေ ကျမပိုင်ဆိုင်ထားတယ်ဆိုတာရော သူမသိတာပဲလား။ အဲ့လိုပဲ အကောင်းအဆိုးဆိုတာ အမြဲတမ်း ဒွန်တွဲနေတာမို့ အနှိုင်းမဲ့ ရက်စက်ခြင်းတွေလည်း ကျမဆီမှာ ရှိနေပါတယ်။  ကျမဘ၀ရဲ့ ကံဆိုးချိန်ခဏ အခိုက်အတန့်လေးမှာ နွေးထွေးတဲ့ မေမေ့ရဲ့ လက်တစ်စုံကြောင့် မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ   ပြတ်သားတဲ့ ဆုံးဖြတ်ချက် ချနိုင်ခဲ့ပါတယ်။ ချစ်သူတွေအတွက် ပျော်ရွှင်စရာ   နေ့ကောင်းရက်မြတ်အဖြစ် “စိန့်ဗယ်လင်တိုင်း” ဆိုတဲ့ ပုဂ္ဂုလ်ကြီးက အစတေးခံခဲ့တာပါ။ ဒီလိုပါပဲ ခဏတာ  ပျော်ရွှင်မှုကို မက်မောတဲ့ သူ့တစ်ယောက်အတွက်တော့ ဘာနဲ့မှ အစားထိုးလို့မရတဲ့ ဘယ်သူ့ဆီမှာမှ မရနိုင်တဲ့ ဘယ်လိုမှတန်ဖိုးမဖြတ်နိုင်တဲ့ ကျမရဲ့ ဖြူစင်ပြီး နူးညံ့သိမ်မွေ့တဲ့ စိတ်ထားလေးတွေ လုံးဝမရှိတော့တဲ့၊ ရှင်ရက်နဲ့ သေနေတဲ့ ကျမဘ၀ကို သူ့အတွက် စတေးလိုက်တယ်။   Post by: ဒီလှိုင်း