1. 1. 1.

Monday, February 6, 2012

“မေ့လိုက်ပါတော့”တဲ့

ရီဝေတဲ့ နင့်အကြည့်တစ်ချက်မှာ ဖျက်ခနဲ့ ခုန်သွားတဲ့ 
ငါ့နှလုံးသားလေးက အေးခဲသွားမတက်ပါပဲလေ...။ 

ချိုသာတဲ့ နင့်ရဲ့စကားသံတွေကိုလည်း သာယာမိခဲ့တာ 
ရင်နဲ့မဆန့်အောင်ပါပဲ.....။

ငါ့ရဲ့ မာနနဲ့ သိက္ခာတွေ အားလုံးခွာချသွားပြီး နှလုံးသားလေးကိုပါ
ပြာကျသွားအောင် ရိုက်ချက်တွေက ပြင်းလွန်းလှပါတယ်...။

အရမ်းလန်းတဲ့ စကားလုံးတွေနဲ့ အလွမ်းနွမ်းနေတဲ့ငါ့နှလုံးသားကို

နင်က အငိုက်ဖမ်း တိုက်ခိုက်သွားတာကိုး...။

ရင်မှာ တွယ်နှောင်ထားတဲ့ သံယောဇဉ်ကြိုးလေးတစ်မျှင်ပြတ်တောက်လို့ မသွားခင်မှာပဲ ခံစားရခက်တဲ့ ကဗျာတစ်ပုဒ် နားဝင်ဆိုးစွာ ငါဖတ်လိုက်ရတယ်လေ...။
“ငါ့ကို လုံးဝ မေ့လိုက်ပါတော့တဲ့” ခါးသီးလိုက်တဲ့ စကားစု၊ ငယ်ထိပ်ကို မိုးကြိုးကြီး ပစ်ချလိုက်သလိုပါပဲ....။

1 comment:

  1. မင်္ဂလာပါ ခံစာချက်တွေက ထက်သူကြပါတယ် ကျေးဇးတင်ပါတယ် နောက်လဲ စာလာဖက်မယ်

    ReplyDelete