1. 1. 1.

Sunday, February 5, 2012

မယုံနိုင်ခဲ့ဘူး ကို...

ဟန်ဆောင် လိမ်ညာကင်းတဲ့ အရိုးရှင်းဆုံး ချစ်သူပါ ကို.....
ခွဲခွာရမယ့် အကြောင်း တွေးလိုက်ရုံနဲ့ ကြေကွဲတက်တဲ့ ကျမ...

တစ်ကယ်တမ်း လမ်းခွဲခဲ့ရင် ဘယ်လိုရင်ဆိုင်ရမလဲ
တွေးကြောက်နေတက်တဲ့ ကျမ....

ကို့ရဲ့ လမ်းခွဲစကားသံတွေက နားစွင့်တိုင်းမှာ ကြားနေရပေမယ့်...
ကြည်စယ်တယ်ပဲ ထင်ခဲ့မိတယ်လေ။

ဘ၀အခြေတစ်ခုမှာ ကျမကိုချန်လို့ လွတ်လပ်ခြင်းတွေနဲ့အတူ...
နောက်ပြန်လှည့်မကြည့်ဘဲ ထွက်သွားရက်တယ်.....။

လမ်းခွဲဖို့ နှုတ်အဆက်မှာ စကားလေးတစ်ခွန်းတောင် မဆိုဖြစ်ကြဘဲ.....
ကျမကို တစ်ယောက်တည်း ထားခဲ့ပြီး ကျောခိုင်းခဲ့တယ်နော်.....။

ဆွဲလည်းလေးတွေ ပွတ်တိုက်သံကြောင့် အတူတောင်းဆု ပြုခဲ့ဖူးတာ.....
သတိရခိုက် ၀မ်းနည်းမိတယ်...။

သစ္စာဖေါက်ဖျက်သူ သစ္စာမစူးစေဖို့ ကျမ အကြိမ်ကြိမ်....
ဆုတောင်းပေးနေမယ်နော်...။

ရှေ့ဆက်ရမယ့် အချိန်နဲ့ နေ့ရက်တွေမှာ ဝေဒနာတွေ ကြိတ်မှိတ်ခံစားလို့...
ကို့ ကိုမေ့လိုက်ချင်ပေမယ့်...အမြဲတမ်းစီးမျောနေတဲ့ သွေးကြောတွေထဲက..
သစ္စာတရားတွေက ဖျောက်ဖျက်လို့ မရနိုင်ပါလား...ကို...ရယ်.....။

No comments:

Post a Comment