1. 1. 1.

Tuesday, January 3, 2012

ကြေကွဲစိတ်

တစ်ချိန်တုန်းကပေါ့ ......
ငါအိပ်လို့မပျော်နိုင်အောင် စိတ်ထိခိုက်နာကျင်ခဲ့ရတယ် တစ်ရေးနိုးအိမ်မက်ဆိုးတွေကြောင့် လန့်နိုးပြီး ချွေးစီးတွေပြန်ခဲ့ရတာ ညပေါင်းမရေတွက်နိုင်တော့ဘူးလေ ငါတို့နှစ်ယောက် ရဲ့ဘ၀လေးကို အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းပြင်ဆင်နေတုန်း စိတ်ကူးကမ္ဘာလေး တစ်စစီပြိုကွဲသွားတာ သိရှိခံစားတွေးတောမိတဲ့ အချိန်ကစပြီး ကြေကွဲဝမ်းနည်းခဲ့ရတယ်။ အဲ့ဒီစိတ်ကြောင့် ငါနာကျင်ကြေကွဲစွာ ခံစားနေရတယ်။ ငါ့နှလုံးသားတွေပူပြင်းတောက်လောင်ပြီး မျက်ရည်ကျခဲ့ရတယ်။ ငါ့ဝေဒနာကို အမြန်ပျောက်ကင်းဖို့အတွက် အချိန်ဆိုတဲ့သမားတော်ကြီးက ငါ့ရဲ့ဒဏ်ရာတွေကို သက်သာပျောက်ကင်းအောင် ကုနိုင်လိမ့်မယ်လို့ ငါထင်ခဲ့တယ်၊ အလုပ်မပျက် ဘ၀ပျက်ပေမယ့် နှလုံးသားမှာ ဒဏ်ရာရသွားတဲ့ ငါ့အတွက်တော့ ပျော်ရွှင်မှုနဲ့ထာဝရဝေးခဲ့ရပြီလေ။ ပျက်စီးသွားတဲ့ သံယောဇဉ်ကြိုးလေး တစ်မျှင်ကို မရမကပြန်ဆက်ထားတာငါပဲလေ၊ ဆက်ထုံးရာတွေကြောင့် ငါခံစားနေရတာလဲသိပါတယ်၊ ဖြစ်နိုင်ရင်လေ ငါအတိတ်မေ့လိုက်ချင်တယ် တခါတလေမှာတော့ တရားနဲ့ဖြေနိုင်ပါတယ် ဒါပေမယ့်ရင်ထဲက ဒဏ်ရာက သေးသေးလေးမဟုတ်တော့ တိုက်ဆိုင်မှုတခုခု ကြုံလာတိုင်း ခံစားရတယ် အသစ်ပြန်ပြန်ဖြစ်လာတယ် နာကျင်ရတယ်။ ဒါပေမယ့် ကိုယ်ရေးတဲ့ကိုယ့်သမိုင်းဆိုတော့ ဘယ်သူ့ကိုမှလည်း အပြစ်မပြောခြင်ပါဘူး ကံကံ၏အကျိုးကိုယုံတဲ့အတွက် ၀ဋ်ကြွေးရှိရင် ဒီဘ၀မှာပဲကြေပါစေလိုဆုတောင်းမိတယ်။ 
Post by: ဒီလှိုင်း