1. 1. 1.

Tuesday, January 3, 2012

ရိုးသားဖြောင့်မတ်ခြင်းသည် အကောင်းဆုံးလမ်းစဉ်ဖြစ်သတဲ့။ ဘ၀ခရီးကိုလျှောက်လှမ်းတဲ့အခါမှာ ရိုးသားဖြောင့်မတ်ခြင်းလမ်းစဉ်နဲ့သာ လျှောက်လှမ်းသွားသင့်တယ်လို့ ထင်ပါတယ်။ ပြောမယ့်သာပြောရတာ ရိုးသားဖြောင့်မတ်ခြင်းဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ဘူး။ လူတိုင်းလုပ်နိုင်တဲ့ ကစ္စမျိုးမဟုတ်တဲ့အတွက် ခက်ခဲမယ်ဆိုတာ သေချာပါတယ်။ သူတစ်ဖက်သားအပေါ်မှာ ရိုးရိုးသားသား မှန်မှန်ကန်ကန် ဖြောင့်ဖြောင့်မတ်မတ် ပြောဆိုဆက်ဆံနေထိုင်သွားဖို့ ကိုယ့်ဘ၀ကိုလည်း ရိုးသားဖြောင့်မတ်စွာ တည်ဆောက်သွားနိုင်ဖို့ ဘယ်လိုပဲခက်ခဲပါစေ ကြိုးစားကျင့်ကြံသွားရမှာပဲမဟုတ်လား။ ကိုယ့်ရဲ့ ရပိုင်ခွင့်မဟုတ်တာတွေ ကိုယ်နဲ့ မသက်ဆိုင်တော့တာတွေကို မလိုချင်တာ ရိုးသားခြင်းပဲဆိုတာတော့ သိကြမယ်ထင်ပါတယ်။
       Everyman has hisvalue တဲ့  လူတိုင်းမှာသူ့တန်ဖိုးနဲ့သူ ရှိသတဲ့။ ဘယ်သူ့ကိုမှအထင်သေးလို့မရဘူး။ ဘယ်သူ့ကိုမှ လျှော့တွက်လို့မရဘူး။ လူဟာတစ်နေရာမှာအသုံးမကျပေမယ့် တစ်နေရာမှာတော့ အသုံးဝင်နေတက်တယ် သူ့နေရာနဲ့သူ သူ့တန်ဖိုးနဲ့ သူပေါ့။

No comments:

Post a Comment