အာရုံဦးရဲ့ လင်းရောင်ခြည်လို
နွေးထွေးမှုတွေ ပေးစွမ်းသလို
နံနက်ခင်းရဲ့ လေညှင်းနုလို
အေးမြစေတဲ့ လေပြေချို.....။
ပူပြင်းလှတဲ့ နွေလယ်ခင်းကို
လေချိုလေးများ တိုက်ခတ်စေလို
ပူလောင်မှုရဲ့ အဝေးဆုံးကို
ပို့ဆောင်စေတဲ့ လေပြေချို.....။
ညနေခင်းရဲ့ ဆည်းဆာအလှကို
ပြည့်စုံသွားအောင် ကူပေးစေလို
အိပ်တန်းဝင်ဖို့ ချိုတေးတွေဆို
ငှက်ကလေးများရဲ့ လေပြေချို.....။
မှောင်ရီပျိုးပြီ ညချိန်တွေကို
ကဗျာဆန်စွာ လှစေချင်သလို
စွမ်းဆောင်စေမယ့် အလင်းရောင်လို
လမင်းလေးရဲ့ လေပြေချို.....။
သဘာဝရဲ့ အလှတရားတွေကို
လောကကြီးအတွက် အသုံးဝင်စေသလို
နူးညံ့လှတဲ့ လက်တစ်စုံလို
သောကမုန်တိုင်း ဖယ်ရှားစေသလို
ကဗျာချိုချို အလင်္ကာချို
ရသများလည်း ချိုစေချင်သလို
နေ့စွဲလေးများရဲ့ လေပြေချို.....။
မှောင်ရီပျိုးပြီ ညချိန်တွေကို
ReplyDeleteကဗျာဆန်စွာ လှစေချင်သလို
စွမ်းဆောင်စေမယ့် အလင်းရောင်လို
လမင်းလေးရဲ့ လေပြေချို.....။
ကဗျာလေးကလှလိုက်တာ