1. 1. 1.

Friday, January 27, 2012

မေမေသိပေးပါ

မေမေ့ရဲ့ ချစ်ခြင်းမေတ္တာ
ရင်ခွင်ဟာ အေးမြစေလို့
မေမေ့ရဲ့ မေတ္တာရိပ်မှာ
သမီးဘ၀ ဖြူစင်စွာနဲ့
အရောင်တွေ ဖယ်ကင်းရှင်းစွာ
လှပခဲ့တယ်.....။

ကံကြမ္မာ ဖန်လာတော့လည်း
လျှောက်လှမ်းခဲ့ ဘ၀ပင်လယ်မှာ
သောကမုန်တိုင်းတွေက မညှာတာ
ငါ့အားအညှိုးကြီးစွာနဲ့
ရက်စက်ခဲ့တယ်.....။

ခါးသီးတဲ့ ကံကြမ္မာနဲ့
လောကဓံရဲ့ လှည့်စားမှုကြောင့်
ဖြူစင်တဲ့ နှလုံးသားလေးက
ဘ၀ကပေးတဲ့ သင်္ခန်းစာတွေနဲ့
မောပမ်းခဲ့တယ်.....။

ဒီလိုနဲ့ သံသရာမှာ
နိမ့်တစ်ခါ မြင့်တစ်လှည့်နဲ့
ဇောတ်ဆရာ အလိုကျ
ကျရာမှာ သရုပ်ဆောင်လို့
အချိန်တွေသာ ကုန်ဆုံးခဲ့တယ်.....။

မေမေရယ် မြင်ပေးလှည့်ပါ
သမီးကို လမ်းပြလှည့်ပါ
သမီးနားမှာ ထာဝရနေပေးလှည့်ပါ
မေမေ့ရင်ခွင်  အပြေ၀င်ခိုလို့
အားရအောင်ငိုလိုက်ချင်တယ်
ဘ၀အမောတွေကိုလေ.....။

No comments:

Post a Comment