1. 1. 1.
Friday, January 27, 2012
ချစ်မေတ္တာဆိုသည်မှာ
ချစ်မေတ္တာဆိုသည်မှာ
အိမ်မက်များ၏ ကွန့်မြူးဟန်
ကဟန်ကြိုး၏ ဇောအဟုန်
သီချင်းသံစုံ ဂီတဖြစ်တယ်.....။
ချစ်မေတ္တာဆိုသည်မှာ
အသည်းလွှာများ၏ ခံစားမှု
နှလုံးသား၏ ညွှန်းစေရာ
ကဗျာလှလှ တစ်ပုဒ်ဖြစ်တယ်.....။
ချစ်မေတ္တာဆိုသည်မှာ
ဖြူစင်သူတို့၏ ပေးဆပ်ရာ
ငြိမ်းချမ်းမှု၏ ရင်ခွင်အစုံ
တောင်ပံလေးများ၏ ကွန်းခိုရာ
ပြည့်စုံတဲ့ အိမ်လေးဖြစ်တယ်.....။
 ချစ်မေတ္တာဆိုသည်မှာ
လမင်းလေး၏ ခြေသံသာ
ဆည်းဆာတို့၏ ရင်ခုန်သံ
ညဦးယံ၏ အလှပဂေး
အေးမြတဲ့ အလင်းရောင်ဖြစ်တယ်.....။
ချစ်မေတ္တာဆိုသည်မှာ
အိမ်မက်လေးများဖြစ်တည်ရာ
အနာဂါတ်များ၏ ရသချိုချို
တေးသံသာများ၏ ကမှုဗေဒ
နှလုံးလှများ၏ ၀ိညာဉ်ပေတည်း.....။
No comments:
Post a Comment