1. 1. 1.

Friday, January 20, 2012

အကောင်းဆုံးဖြစ်ပါစေ

တောင်ကုန်းထိပ်က သစ်တစ်ပင်
နင်မဖြစ်ချင် နေပါစေ
ချိုင့်ဝှမ်းနဲ့ တောင်တန်းကြားက
အကောင်းစား ချုံပုတ်ကလေး
စမ်းချောင်းလေး နဘေးနားက
မင်းပဲဖြစ်ပါစေပေါ့....။
ချုံပုတ်တစ်ခုမှ မဖြစ်ခဲ့လျှင်လည်း
မြက်တစ်ဆုပ်ပင် ဖြစ်ပါစေတော့
ခရီးသည်တွေ အေးမြအောင်လို့
ဖေးကူပေးဖို့ပေါ့......။

လမ်းမကြီး မဖြစ်နိုင်လျှင်
လမ်းသွယ်ပင် ဖြစ်ပါစေ....။
နေမင်းကြီး မဖြစ်လျှင်


ငွေကြယ်စင် ဖြစ်ပါစေ....။

အောင်မြင်မှု ဆုံးရှုံးမှုရဲ့
အခြေအနေ အရွယ်အစားတွေနဲ့
လုံးဝလေ မဆိုင်သမို့
မင်းဘ၀ တစ်လျှေက်လုံးအတွက်
အကောင်းဆုံး ဖြစ်စေဖို့ပေါ့.......။

No comments:

Post a Comment