1. 1. 1.

Friday, January 20, 2012

ရွှန်လန်းအေးချမ်းမှု၏ လျှို့ဝှက်ချက်

တစ်စုံတစ်ခုကို အလိုမကျဘူးဆိုရင် ပူလောင်ပင်ပန်းဆင်းရဲနေရတယ်။ တစ်စုံတစ်ယောက်ကို မကျေနပ်ဘူး၊ ကိုယ့်စကားနားမထောင်လို့၊ ကိုယ်ပြောတဲ့အတိုင်းမလုပ်လို့ စိတ်ကဒေါသဖြစ်ပြီဆိုရင် စိတ်အစဉ်မှာပူပါတယ်။ ဒေါသမီးဟာ သူရောကိုယ်ပါ ပူစေတက်ပါတယ်။ သူ့ကိုလောင်သလို ကိုယ့်ကိုလည်း လောင်စေပါတယ်။ ဒါပေမယ့် ကိုယ်ကသာ စိတ်ဆိုးနေတယ်၊ ဒေါသဖြစ်နေတယ်။ ဟိုတစ်ဖက်က သိတောင်မသိဘူး။ ဘယ်လိုမှ မခံစားရဘူးဆိုရင်တော့ ဒီဒေါသမီးဟာ သူ့ကိုမလောင်ပဲ ကိုယ့်ကိုသာလောင်နေတက်တယ်။ အပူမီးတွေနဲ့ တစ်နေ့တစ်နေ့ တစ်မျိုးပြီးတစ်မျိုး  မရိုးအောင် လှည့်ပတ်လောင်ကျွမ်း ခံနေကြရတာပါ။  လောဘနဲ့လောင်တဲ့ အခါလောင်၊ ဒေါသနဲ့ လောင်တဲ့ အခါ လောင်၊ မောဟနဲ့လောင်တဲ့ အခါလည်းလောင်ပေါ့။
         အဲ့ဒီလို ပူလောင်မှုတွေဟာ တရား အားထုတ်နေတဲ့အခါ ငြိမ်းအေးနေပါတယ်။ တရားအားထုတ်တယ်ဆိုတာလည်း ပူလောင်မှုတွေ ငြိမ်းအောင်ဖြစ်တယ်။ ရှုစရာ မှတ်စရာဖြစ်တဲ့ ရုပ်နာမ်ဓမ္မသင်္ခါရတွေ၊ ရှုမှတ်နေချိန်မှာ စိတ်အေးချမ်းတယ်။ အာရုံတွေဘယ်မှရောက်ဘဲ တရားပေါ်မှာပဲ ထားတက်ရင် စိတ်ကြည်လင်တယ်။ ရုပ်တရားနဲ့ နာမ်တရားကိုပဲ သတိကပ်ကာ ရှုမှတ်နေမယ်ဆိုရင် စိတ်တွေ ရွှင်လန်းနေတယ်။ အားထုတ်နေချိန်မှာ အပူမီးနဲ့ တခဏတာဝေးသွားလို့ အေးချမ်းမှုကို ရကြတယ်။
Post: ဒမ္မဒူတဒေါက်တာအရှင်ပညိသ၁ရ

No comments:

Post a Comment