1. 1. 1.

Thursday, January 26, 2012

နေမ၀င်ခင်လေး

လူရယ်ဖြစ်လာ
လောကဇာတ်ခုံ အဖုံဖုံမှာ
ငိုရယ်တစ်ခါ နိမ့်မြင့်တစ်လှည့်နဲ့
ဇာတ်ဆရာအလိုကျ ကရတယ်.....။

ဒုက္ခ၊ သုခ၊ ကိလေသာများနဲ့
အရွယ်သုံးပါး
ကျော်ဖြတ်ရင်းက
ဘ၀ နေ၀င်ခဲ့ရတယ်.....။

တစ်နေမကွယ်ခင်
တစ်ယောက်မကလည်း
လောကကြီးမှ
ငါတို့ ထွက်ခွာသွားရတယ်.....။

ထွက်မသွားခင်
အိုခြင်း၊ နာခြင်း၊ သေခြင်း ဆိုတဲ့
ဘေးဆိုးကြီးကို
ငါတို့ ရင်ဆိုင်ကြရတယ်.....။

ကုသိုလ်ကံနှင့်
အကုသိုလ်ကံကြောင့်
ဒီသံသရာ ၀ဲဂယက်မှာ
ခန္တာငါးပါး ဖြစ်တည်ရတယ်.....။

သံသရာမှ
လွတ်မြောက်ဖို့အတွက်
သစ္စာလေးပါး မြတ်တရားကို
ငါတို့ကျင့်ကြံကြရမယ်.....။

သစ္စာလေးပါး
မြတ်တရားကို
ကျင့်ကြံပွားလို့
သံသရာမှ ငါတို့လွတ်အောင်ရုန်းရမယ်.....။

No comments:

Post a Comment