
အင်္ဂလန်နိုင်ငံတွင် ၁၆ ရာစုနှင့် ၁၇ ရာစုကာလများအတွင်း ရိုးရာဓလေ့အရ အမျိုးသမီးများ ကြင်ဖက်ရှာခွင့် ပေးထားသည်။ ကံအကြောင်းတရားကြောင့်ဖြစ်စေ၊ အခွင့်အလမ်းပေါ်လာသောကြော င့်ဖြစ်စေ၊ ချစ်သူရနိုင်သည်။ ဥပမာအားဖြင့် အမျိုးသမီးတစ်ဦးသည် နံနက်စောစောစီးစီး အမျိုးသားတစ်ဦးကို တွေ့လိုက်ရ၏ ထိုသူ့ထံမှ မကြာမီ လက်ဆောင်ရောက်လာတက်သည်ဟု အယူရှိကြသည်။
လျှို့ဝှက် စိန့်ဗယ်လင်တိုင်းဒေး ကဒ်များ ပေးပို့သည့် အလေ့သည် ၁၉ ရာစုနှစ်တွင်မှ အခြေတည်လာသည်။ အင်္ဂလန်မှ စတင်သည်။ ထိုမှတဆင့် အမေရိကန်ပြည်ထောင်စုသို့ ပျံ့နှံ့ရောက်ရှိသွားသည်။
ပန်းကလေးများတွင် လျှို့ဝှက်ချစ်သင်္ကေတများ ထည့်သွင်းပေးပို့နေမှု ဓလေ့ထုံးစံသည် စိန့်ဗယ်လင်တိုင်းဒေး ကဒ်များပေါ်လာသောကြောင့် ထိခိုက်သွားရသည်။ ပန်းဖြင့် ချစ်သင်္ကေတ ပေးပို့ရာတွင် Forget- me- nots ပန်းကလေးများ၊ Violet ပန်းကလေးများ၊ နှင်းဆီပန်းခက်ပန်းနွယ်ပုံများ၊ ဝေေ၀ဆာဆာ ဖေါ်ပြထားတက်သည်။ မည်သူက မည်သူ့ထံပို့သည်ဟု မသိအောင် သင်္ကေတဖြင့် လျှို့ဝှက်ထားပြီး ဓာတ်သိအချင်းချင်း နောက်ပိုင်းတွင် အဆင်ပြေသွားတက်ကြသည်။
ချာလ်စ် ဒစ်ကင်း၏ Pickwick တွင် Sam Weller က “စိန့်ဗယ်လင်တိုင်းဒေး ကဒ်ပေါ်မှာ ဘယ်တော့မှ ကိုယ့်နာမည် မရေးလိုက်နဲ့” ဟု သခင်ဖြစ်သူအား သြ၀ါဒ ပေးထားသည်။
မျက်မှောက်ကာလ ချစ်သူတို့ စိန့်ဗယ်လင်တိုင်းဒေးတွင် ချစ်ခြင်းဖလှယ်ကြရာတွင် ရှုပ်ထွေးအောင် ချဲ့ထွင်ထားခြင်းမျှသာပင်။ နားလည်ရန်လည်း ခက်လှသည်။ စာဆို ချောစား ကွယ်လွန်သွားပြီးနောက် နှစ်ပေါင်းခြောက်ရာ ကြာလာသည်အထိပင် ကျားနှင့် မတို့ တစ်ဦးကို တစ်ဦး ရှေးထုံးမပျက် ဆောင်ရွက်လာခဲ့ကြသည်။ စိန့်ဗယ်လင်တိုင်းဒေး ကိုလည်း စိတ်ကူးယဉ်အမျိုးမျိုး ပျော်ရွှင်ဖွယ် အမျိုးမျိုးတို့ဖြင့် မပျောက်ပျက်သွားရလေအောင် နှစ်စဉ်မပျက် ဆက်လက် ကျင်းပခဲ့ကြတာလေ.....။
No comments:
Post a Comment