1. 1. 1.

Wednesday, December 7, 2011

နှလုံးသားအတွက်မေးခွန်း

မြောက်များစွာ လမ်းတွေရှိပေမယ့်
ငါ၏ဘ၀ ခရီးလမ်းက
မှန်းဆမရ ပျောက်ကွယ်နေ...။

ကျယ်ဝန်းတဲ့ ရေပြင်နဲ့
ပြာလဲ့လဲ့ကောင်းကင်မှာ
လမ်းရှာလည်း မတွေ့ပါလေ...။

ငှက်ကလေးတွေရဲ့ တောင်ပံများ
ကြယ်ကလေးများရဲ့ လင်းရောင်ခြည်
ရာသီလွန်ပန်းပွင့်တွေ
လမ်းကိုလေ ဖုံးကွယ်ထား...။

နှလုံးသားကလေးရေ...
နင့် သွေးရဲ့စွမ်းရည်နဲ့
ပျောက်နေတဲ့ ငါ့ခရီး
သိပညာ နယ်တစ်ဝန်းကို
ရှာဖွေစမ်းပါ တွေ့နိုင်လေမလား...။

No comments:

Post a Comment