1. 1. 1.

Monday, December 5, 2011

အသက်ရှည်ကျန်းမာစေရန် မှိုစားပါ

သူငယ်ချင်းတို့စားနေကျဟင်း ဒါမှမဟုတ် အကြော်(ဟင်းရွက်ကြော်၊ အသားကြော်) ထဲကို ခွက်တစ်ဝက်စာမှို(ဘယ်အမျိုးအစားမဆို) ထည့်စားတာကြောင့် အသက်ရှည်ကျန်းမာနိုင်တဲ့ အောက်ပါအကျိုးကျေးဇူးတွေ ရရှိနိုင်တယ်လို့ သုတေသနပြုလုပ်ချက်အရ သိရပါတယ်။

(၁) အီစထရိုဂျင်ကို ထိန်းသိမ်းနိုင်တာကြောင့် ကင်ဆာရောဂါမဖြစ်အောင် ကာကွယ်နိုင်ပါတယ်
နေ့စဉ် အစိမ်း ဒါမှမဟုတ် ချက်ပြီးသားမှိုစားတာကြောင့် ပုံမမှန်ဖြစ်နေတဲ့ သားမြတ်နဲ့ သားအိမ်ဆဲလ်တွေကြီးထွားမှုမရှိအောင် ပိတ်ပင်နိုင်ပါတယ် ကင်ဆာဆဲလ်တွေကို အာဟာရဖြစ်စေတဲ့
အီစထရိုဂျင်အဆင့်ကို ၂၂ ရာခိုင်နှုန်းထိ လျှော့ချနိုင်တာကြောင့်လို့ဆိုပါတယ်။ မှိုမှာ အီစထရိုဂျင်ကို ထုတ်လုပ်မှုကို လျှော့ချနိုင်တဲ့ Linolenic Acid ခေါ် ကျန်းမာရေးကောင်းစေတဲ့အဆီတွေ လုံလုံလောက်လောက် ပါဝင်လို့ပါ။

(၂) ဆာလောင်မှု ပျောက်ကင်းနိုင်တာကြောင့် ကိုယ်အလေးချိန်လျှော့ချနိုင်ပါတယ် 
သင်နေ့စဉ်စားနေကျ အစားအစာထဲမှာ အသားဟင်းအစား မှိုဟင်းထည့်စားရင် တခြားစားသောက်တဲ့ပုံစံ မပြောင်းလဲပဲ ရှစ်ပတ်အတွင်း ကိုယ်အလေးချိန် ၁၀ ပေါင် လျော့ကျနိုင်တယ်လို့ အင်္ဂလန်နိုင်ငံရဲ့ လေ့လာမှုအရသိရပါတယ်။ မှိုတွေမှာ ဆာလောင်မှုကိုလျှော့ချနိုင်တဲ့ အမျှင်ဓာတ်၊ ဆီလီယမ်နဲ့ ကော့ပါးအပြင် သွေးတွင်း သကြားဓာတ်ကို ထိန်းညှိနိုင်တဲ့ ကာဗိုဟိုက်ဒရိတ်တစ်မျိုးဖြစ်တဲ့ Polysaccharides ပါဝင်တာကြောင့် ဆာလောင်မှုမဖြစ်အောင် ကာကွယ်နိုင်တယ်လို့ သုတေသီတွေကဆိုပါတယ်။ 

(၃) ခုခံအားဆဲလ်တွေ မြင့်မားစေတာကြောင့် ဗိုင်းရပ်စ်ပိုးတွေကို တွန်းလှန်နိုင်ပါတယ်
နှစ်ပေါင်းများစွာကတည်းက ခုခံအားစနစ်ကောင်းမွန်ဖို့ မှိုကိုအသုံပြုကြပါတယ်။ အခုအခါမှာ ဆန်ဖရန်စစ္စကိုဆေးရုံမှ သုတေသိတွေက မှိုဟာရောဂါဖြစ်စေတဲ့ပိုးမွှားတွေကို ဖျက်ဆီးနိုင်စွမ်း နှစ်ဆမြင့်မားတာဟာ ဘာကြောင့်လဲလို့ လေ့လာခဲ့ပါတယါ။ မှိုမှာပါဝင်တဲ့ Lentinan ခေါ်တဲ့ ဒြပ်ပေါင်းဟာ အအေးမိတုပ်ကွေးဖြစ်စေတဲ့  ဗိုင်းရပ်စ်လိုမျိုးပိုးတွေကို စွမ်းစွမ်းတမံတိုက်ထုတ်ဖို့ ခုခံအားဆဲလ်တွေကို လှုံ့ဆော်ပေးနိုင်တာကြောင့်လို့ တွေ့ရှိခဲ့ပါတယ်။

(၄) ကိုလက်စထရော လျော့ကျနိုင်တာကြောင့် နှလုံးကျန်းမာရေး ကောင်းစေနိုင်ပါတယ်
လေ့လာမှုတစ်ခုအရ မိမိနေ့စဉ်စားနေကျအစာထဲမှာ မှိုထည့်စားတဲ့အမျိုးသမီးတွေရဲ့ ကိုလက်စထရောအဆင့်ဟာ ၁၂ ရာခိုင်နှုန်းကျဆင်းတယ်လို့ တွေ့ရှိခဲ့ပါတယ် မှိုမှာပါဝင်တဲ့များစွာသောဒြပ်ပေါင်းတွေဟာ အသည်းမှ သွေးကြောတွင်း ပိတ်ဆို့မှုတွေဖြစ်စေနိုင်တဲ့ ပစ္စည်းထုတ်လုပ်မှုကို လျော့ကျစေနိုင်လို့ပါလို့ ဆိုပါတယ်။ ဒါ့အပြင် မှိုမှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာလည်း သွေးကြောတွေကို Relax ရရှိစေပြီး သွေးဖိအားကိုလည်း ကျဆင်းစေနိုင်တယ်လို့ဆိုပါတယ်။

No comments:

Post a Comment