ဆေးဝါးအသုံးပြုမှ၊ အားဖြည့်ဆေးတေါကိုအသုံးပြုမှ၊ ဒါမှမဟုတ် အားကစားခန်းမမှာလေ့ကျင့်ခန်းလုပ်မှ သင့်ကျန်းမာရေးကောင်းစေနိုင်တာမဟုတ်ပါဘူး။ သုတေသနပြုသူတွေရဲ့ နောက်ဆုံးလေ့လာချက်အရ ရပ်ကွက်ဈေးထဲမှာ ရောင်းချနေတဲ့အစားအစာတစ်ချို့ကို စားသုံးရင်း သင့်ကျန်းမာရေးအတွက် များစွာအကျိုးရှိတယ်လို့ သိရပါတယ်။
နေ့စဉ်ပန်းသီးတစ်လုံးစားပေးရင် သွေးကြောပိတ်ဆို့မှုဖြစ်နိုင်တဲ့ မကောင်းတဲ့ ကိုလက်စထရောအဆင့် ၂၃ ရာခိုင်နှုန်းကျဆင်းသွားနိုင်တဲ့အပြင် သွေးကြောသန့်စင်ရေးအတွက်
အရေးပါတဲ့ ကောင်းတဲ့ကိုလက်စထရောအဆင့် ၄ ရာခိုင်နှုန်းမြင့်တက်သွားနိုင်တာမို့ နှလဲုးရောဂါဖြစ်နိုင်ခြေ ထက်ဝက်ခန့် လျော့ချနိုင်တယ်လို့ သုတေသီတွေကဖေါ်ပြထားပါတယ်။ ပန်းသီးမှာ ကိုလက်စထရောကို ပြုပြင်နိုင်တဲ့ Polyphenols တွေများပါဝင်လို့ပါလို့ လေ့လာမှုကို ဦးဆောင်သူ Florida တက္ကသိုလ်မှ Bahran H.Arjmandi ကပြောပါတယ်

(၂) ရောဂါပိုးမွှားတွေကို တွန်းလှန်နိုင်အောင် မုန်လာဥနီစားပါ

(၃) ကင်ဆာရောဂါမှကာကွယ်နိုင်အောင် လိမ္မော်သီးစားပါ

(၄) လေဖြတ်နိုင်ခြင်းမှကာကွယ်နိုင်အောင် ငှက်ပျောသီးစားပါ

(၅) အရိုးသန်မာအောင် ကြက်သွန်နီစားပါ
နေ့စဉ်ကြက်သွန်နီအစိမ်း ဒါမှမဟုတ် ချက်ပြီးသားခွက်တစ်ဝက်စာ စားပေးရင် သင့်အရိုးသိပ်သည်းဆ ၄ ရာခိုင်နှုန်း တိုးတက်လာနိုင်တယ်လို့ဆိုပါတယ်။ ကြက်သွန်နီမှာပါဝင်တဲ့ ဆာလဖာဒြပ်ပေါင်းတွေဟာ အရိုးကို ထောက်ပံ့နိုင်လို့ပါလို့ သုတေသီတွေကဆိုပ်တယ်
Tips
လိမ္မော်ခွံ၊ ရှောက်ခွံတွေမှာ ကင်ဆာကို တွန်းလှန်နိုင်တဲ့ Liminoids တွေ ပြည့်ဝစွာပါဝင်ပါတယ်။ ဒါ့ကြောင့် လိမ္မော်ခွံ၊ ရှောက်ခွံတွေကို လွှင့်မပစ်ဘဲ ဟင်းချိုထဲ ထည့်ချက်ပါ၊ ယိုထိုးစားပါ။
Tips
ခရမ်းသီမှာ ရောင်ရမ်းမှုကို တွန်းလှန်နိုင်တဲ့ ပစ္စည်းများစွာပါဝင်ပြီး တစ်ပတ်ကို ခရမ်းသီးဟင်းနှစ်ခွက် စားသုံးသူတွေဟာ သွေးကြောနဲ့ အဆီတွေပျက်ဆီးနိုင်မယ့် ရောင်ရမ်းမှု ၄၀ ရာခိုင်နှုန်းအထိ လျော့ကျနိုင်တယ်လို့ သုတေသီတွေကဆိုပါတယ်။
No comments:
Post a Comment