1. 1. 1.

Tuesday, December 6, 2011

ကျိန်စာသင့်သူ

လိုချင်တာက သူ့အချစ် 
ရလိုက်တော့ သူ့အမုန်း
အပြုံးတစ်ချက်ကို ခုန်မင်လို့ 
ငါ ရုန်းမထွက်နိုင်ခဲ့ဘူးလေ...။

ရင်ထဲမှာစူးနစ်
အာရုံမှာ မူးရစ်ထွေလို့
ငါ့ရင်မှာနာကျင်သမျှကို
ခံစားကာ ကဗျာစပ်မယ်
ကာရံတွေမလိုပါဘူးလေ...။


လင်္ကာတွေမချောပေမယ့်
ဘ၀င်မှာလေ အဆင်ပြေဖို့
ဒီအချိန်လေးမှာလိုတာပြောမယ်
ဝိုင်ချိုလေး တစ်ခွက်လေ...။

အဝေးကိုမျှော်တွေးတော့
စဉ်းစားမိဟိုအရင်အတိတ်ကို
မလှခဲ့တဲ့ဘ၀ရယ်က
ဘာကြောင့်များခါးခဲ့ရတယ်
နာကျဉ်းမှုတွေနဲ့လေ...။

ဟိုး..အတိတ်က ခါးခဲ့တော့
မလိုချင်တော့ဘူး အနာဂါတ်ကိုလည်း
အချိန်တွေရယ်ကုန်ပါတော့လို့
အမှန်ပင် ငါဆုတောင်းမယ်
ရင်ခွင်တစ်ခုမှာခိုဝင်နားလို့
ငိုရင်းနဲ့လေ......။


No comments:

Post a Comment